
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
ယူကရိန်းရေတပ်ဖွဲ့ရဲ့ ဒရုန်းတွေက ခရိုင်းမီးယားဒေသမှာ ရုရှားကမ်းတက်သင်္ဘော ၂ စင်းကို နစ်မြှုပ်ပစ် ခဲ့တယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ခရိုင်းမီးယားအနောက်ပိုင်း Vuzka Bay က ရုရှားကမ်းတက်သင်္ဘောတွေအပေါ် တိုက်ခိုက်မှုဟာ ရုရှားအ တွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
သန်းခေါင်ယံတိုက်ခိုက်မှုမှာ အသေးစား ရုရှား ကမ်းတက်သင်္ဘောနှစ်စင်း ပျက်စီးခဲ့တယ်လို့ ယူကရိန်းစစ် ထောက်လှမ်းရေးအဖွဲ့ရဲ့ ကနဉီးသတင်းတစ်ရပ်အရ သိရပါတယ်။
ယူကရိန်းရေတပ်ဖွဲ့ရဲ့ ဒရုန်းတွေက တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကမ်းတက်သင်္ဘောတစ်စီးက Akula အတန်းအစားဖြစ်ကာ နောက်တစ်စင်းက Serna အတန်းအစားဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားကမ်းတက်သင်္ဘောတွေပေါ်မှာ အမှုထမ်းတွေပါပြီး သံချပ်ကာယာဉ်တွေ တင်ဆောင်ထားတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
“ရုရှားကမ်းတက်သင်္ဘောတွေဟာ ကမ်းတက်တပ်ဖွဲ့နဲ့ စစ်ဘက်ကိရိယာတွေ သယ်ဆောင်ပါတယ်” လို့ စစ်ဘက်ရေးရာ လေ့လာဆန်းစစ်သူတစ်ဉီးက ပြောပါတယ်။
ရေတပ်ဆိုင်ရာပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေက ဒေသတွင်း ရုရှားရဲ့စစ်ရေးအင်အားကို ချိနဲ့စေခဲ့ တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က မော်စကိုဒေသနဲ့ ဘီလာရုစ်နယ်စပ်အနီး စမိုလန့်ခ်ဒေသမှာ ယူကရိန်းရဲ့ဒရုန်းတွေကို ပစ်ချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Ukrainian military claims sinking two Russian landing boats in Crimea