
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၃ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်၀ နယ်မြေစခန်းမှ စခန်းမှူးအါအဝင် ရဲတပ်ဖွဲ့ဝင် ၂၆ ဦးသည် ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
ယနေ့ နို၀င်ဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရက္ခိုင့်တပ်တော် AA က ကျောက်တော်ရှိ အပေါက်၀ရဲ စခန်းကို ဝိုင်း၀န်းပိတ်ဆို့ပြီး လက်နက်မချလျှင်တိုက် မည်ဟု ပြောကြားရာ စခန်းအတွင်းရှိ စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့၀င် ၂၆ ဦးလုံး လက်နက်အပြည့်အစုံ ဖြင့် အညံ့ခံခဲ့ကြောင်း သိရသည်။
“AA က သေနတ်တစ်ချက်မှ မပစ်လိုက်ရဘူး။ ရဲမိသားစု၀င်တွေပါ အကုန်ထွက်လာပြီး အဖမ်းခံတယ်။ ပြီးတော့ အေးအေးဆေးဆေးပဲ အကုန်လုံးကို ကားနဲ့ခေါ်သွားတယ်။ လက်နက်ခဲယမ်းတွေအကုန် အပ်သွားတယ်”ဟု ကျောက်တော်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ အပေါက်၀ရဲစခန်းသည် ကျောက်တော်မြို့နှင့် ၁၀ မိုင်ခန့်သာဝေးပြီး ရန်ကုန်-စစ်တွေသွား ကားလမ်း ပေါ်တွင် တည်ရှိသည့် ရဲစခန်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ် ကျောက်တော်နှင့် မင်းပြားမြို့တို့တွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများပြန်လည်ဖြစ် ပွားနေပြီး AA မှ စစ်ကောင်စီ၏ရဲစခန်းနှင့် တပ်စခန်း အချို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
#ကျောက်တော်မြို့ #အပေါက်ဝနယ်မြေရဲစခန်း #စခန်းမှူးအပါအဝင် #၂၆ဦး #AAထံလက်နက်ချအညံ့ခံ #Ayryarwaddy_Times