
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၃ ရက်
စစ်ကောင်စီတပ်သည် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့၏ စစ်၀တ်စုံများကို ခိုးချုပ်ခိုင်းနေကြောင်း သတင်းရရှိထား၍ စစ်ကောင်စီ၏ အကြံဆိုးကြံစည်နေမှုအပေါ် အရပ်သားများအနေဖြင့် အထူးသတိထားကြရန် MNDAA က သတိပေး ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းက တအာင်းတပ်မတော် TNLA နှင့် ရှမ်းတပ် မတော် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် အဖွဲ့ကြား သွေးခွဲလှုံ့ဆော်ရန် တပ်တွင်းနှင့်ဌာနဆိုင်ရာများကို စီမံချက်ဖြင့် ညွှန်ကြားချက်ပေးထားပြီး လားရှိုးမြို့အတွင်း နေထိုင်သည့် အရပ်သားများကို MNDAA၊ TNLA နှင့် SSPP တို့၏ စစ်၀တ်စုံများကို ခိုးချုပ်ခိုင်းနေကြောင်း သတိပေး ထုတ်ပြန်လာခြင်းဖြစ်သည်။
ယခုကဲ့သို့ လုပ်ဆောင်မှုသည် စစ်ကောင်စီမှ ပြည်သူလူထုများ အပေါ် စစ်ရာဇ၀တ်မှုများ ကျူးလွန်ပြီး MNDAA နှင့် TNLA အပေါ်စွပ်စွဲ ရန်ကြံစည်နေသည်ဟု ခန့်မှန်းသုံး သပ်နိုင်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် သတိရှိရှိနေထိုင်ကြပါရန် အထူး တိုက်တွန်းကြောင်း MNDAA က ဖော်ပြထားသည်။
စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးရှုံးနိမ့်မှုများဖြင့် ဆက်တိုက် ရင်ဆိုင်နေရသည့်အတွက် ရှုံးမဲမဲပြီး အရပ်သားများအပေါ် စစ်ရာဇ၀တ်မှုချိုးဖောက်နိုင်သည့်အတွက်ကြောင့် ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့် အထူးသတိထားကြရန် ယခုကဲ့သို့ အသိပေးခြင်း ဖြစ်ကြောင်း ဆိုထားသည်။
ထို့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနှစ်နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်း တွင် အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာလုပ်ခြင်း စသည့် ရာဇ၀တ်မှုများကို ပြင်းပြင်းထန်ထန်ကျူးလွန် ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- MNDAA၊ TNLA နှင့် SSPP တပ်ဖွဲ့ဝင်များ
#MNDAA #TNLA #SSPP #စစ်ကောင်စီ #စစ်၀တ်စုံများခိုးချုပ် #အထူးသတိထားရန် #ထုတ်ပြန် #Ayeyarwaddy_Times