ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ ခေါင်းဆောင် ၄ ဦး ဖမ်းဆီးနိုင်ရေး သ တင်းပေးသူကို ယွမ် ၁၀၀၀၀၀ (ဒေါ်လာ ၁၃၇၂၀) မှ ယွမ် ၅၀၀၀၀၀ (ဒေါ်လာ ၆၈၆၀၀) အထိ ဆုကြေးချီးမြှင့်မယ် လို့ တရုတ်နိုင်ငံ၊ ကျဲ့ကျင့်ပြည်နယ်၊ ဝမ်ကျိုးရဲတပ်ဖွဲ့က ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင် ၄ ဦးဖြစ်တဲ့ Ming Xuechaung၊ Ming Guoping၊ Ming Julan နဲ့ Ming Zhenzhen တို့ဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုမှာ အရေးပါတဲ့အခန်း ကဏ္ဍကနေ ပါဝင်တယ်လို့ သိရပါတယ်။

Ming Xuechaung နဲ့ Ming Guoping တို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး Ming Julan နဲ့ Ming Zhenzhen တို့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှဖြစ်တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

Ming Xuechang ဉီးဆောင်တဲ့ အဆိုပါရာဇဝတ်ဂိုဏ်းဟာ အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်တဲ့လုပ်ငန်း တွေ လုပ်ဆောင်ကာ တရားမဝင် လုပ်ငန်းတွေလုပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငွေကြေးပေးပြီး အကာအကွယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဉပဒေစိုးမိုးရေး နှိမ်နင်းမှုတွေ တိုးလာပေမယ့် အာဏာပိုင်တွေကို အလေးမထားဘဲ အဆိုပါရာဇဝတ် ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို အွန်လိုင်းကနေ လိမ်လည်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၄ ဦးဟာ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှု၊ တရားမဝင် ထိန်းသိမ်းမှု အပါအဝင် ဆိုးရွားသော အကြမ်းဖက်ရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ရာဇဝတ်မှုလုပ်ရပ်တွေ ရပ်တန့်ဖို့နဲ့ သက်ညှာမှုရရှိနိုင်ရေး အာဏာပိုင်တွေထံ အညံ့ခံဖို့ တရုတ်ရဲတပ်ဖွဲ့က သံသယရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၄ ဦး ဖမ်းဆီးနိုင်ရေး သတင်းပေးကြဖို့လည်း တရုတ်ရဲတပ်ဖွဲ့က ပြည်သူလူ ထုကို တိုက်တွန်းလိုက်ပါတယ်။
ကိုးကား – Shine
Ref; Chinese police offer rewards of up to US$68,600 for capture of telecom fraud ring leaders in Myanmar
#Ayeyarwaddy_Times