ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် အလစ်တိုက်ခိုက်ခံနေရကြောင်း သတင်းရရှိသည်။

မေယုကမ်းရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ နံနက် ၅ နာရိလောက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ လက်ရှိသိရသလောက် ဒီမနက်အစောပိုင်းမှ စဖြစ်တာ၊ ရက္ခီုင့်တပ်တော်(အေအေ)က ဝင်ရောက်စီးနင်းတဲ့သဘောပါ၊ ခုထိတော့ တိုက်ပွဲပြင်းထန်နေတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်အခြေအနေအသေးစိတ်ကို မသိရသေးသော်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသည်ဟု ၎င်းမှ ဆက်လက်ပြောဆိုသည်။

ရက္ခိုင့်တပ်တော်(အေအေ)သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော် သိမ်းယူထားသည့် တိုက်ပွဲများတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် အတွင်း ပထမဆုံးအကြိမ်တိုက်ပွဲပြန်ဖော်ဆောင်ခြင်းဖြစ်သည်။

#ရခိုင်ပြည်နယ် #ရက္ခိုင့်တပ်တော် #AA #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ