ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၂ ရက်

စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၈ ခုကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာကြောင်း ယနေ့ နို၀င်ဘာ ၁၂ ‌ရက်နေ့ ည ၈ နာရီအချိန်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရှမ်းမြောက်ရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူ ဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်းတို့ကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်သည့် မြို့ နယ်များသည် စစ်ကောင်စီထံမှ ညီနောင်မဟာမိတ်ပူး ပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူပြီး နယ်မြေစိုးမိုးထိန်းချုပ်ထားသည့် မြို့များဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ကွမ်းလုံမြို့ရှိ စစ်ကောင်စီ၏ဗျူဟာကုန်း ခမရ ၃၁၂ ဗျူဟာကုန်း၊ ရဲစခန်းတို့ကို ညီနောင်မဟာ မိတ်အဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီး အတွဲလိုက်ဒုံး ပစ်ကားနှစ်စီး၊ သံချပ်ကာကားလေးစီး၊ လက်နက်များ သယ်‌ဆောင်သည့် စစ်ယာဉ်များကို သိမ်းဆည်းရယူပြီးနောက်တွင် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်အုပ်ချုပ်ရေးထုတ်ထားသည့် နယ်မြေ များတွင် စစ်ကောင်စီက ဥပဒေကို ၎င်းတို့အလိုကျ စီမံခန့်ခွဲခွင့်ရှိပြီး သေဒဏ်စီရင်ခွင့်ရှိသည်အထိ သက် ရောက်မှုရှိသည့် အမိန့်ထုတ်ပြန်ချက်ဖြစ်ပြီး စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့ပေါင်း ၅၂ မြို့ဖြစ်ကြောင်း သိရသည်။

#ရှမ်းမြောက် #စစ်ကောင်စီ #စစ်အုပ်ချုပ်ရေး #အမိန့် #ကြေညာ #Ayeyarwaddy_Times