ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

မန္တလေးတိုင်း၊ မန္တလေးမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ သွားလာနေသည့်ကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ပြီး လက်နက်ခဲယမ်းများနှင့် ရိက္ခာ
များ တင်ပို့နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်မှ ထို လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မန္တလေးမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် အခြားဒေသများကိုပါ ပေးပို့နေပြီး ကားဂိတ်များတွင် ချခိုင်းနေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရသည်။

“ကားသမားကအကုန်မ​ပြောပြဘူး တပ်ကိုကြောက်တော့ ရှမ်း​မြောက်အပါအဝင်တစ်နိုင်ငံလုံးကိုအဲဒီလိုပို့​နေကြတာ။ အဲ့ဒီအပြင် မန္တလေးက​နေ စစ်ဖက်သုံး​ပစ္စည်းအစုံကို အရပ်သားကား​တွေနဲ့​ရော ခရီးသည်တင်ယာဥ်တွေရော အကုန်ခြိမ်းခြောက်ပြီး ကားဂိတ်​တွေကိုတင်ခိုင်းတာ”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မန္တလေးကျုံးဘေးပတ်လည်အပြင် အောင်မြေသာဇံ အပါအဝင် အခြားနေရာများကိုပါ စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် လုံခြုံရေးအပြည့်ချထားကြောင်း မန္တလေးဒေသခံများကပြောသည်။

ထို့ပြင် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟားမိတ်သုံးဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ပြီးနောက် မြို့ ၁၁ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၁၆၀ ထက်မနည်းသိမ်းဆည်းထားနို​င်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဓာတ်ပုံ-မန္တလေးကားဝန်းတစ်နေရာ

#မန္တလေး #ရှမ်းမြောက် #သွားလာနေသည့်
#ကားများ ​#စစ်ကောင်စီ #ခြိမ်းခြောက် #လက်နက်ခဲယမ်းများ #ရိက္ခာများ #ကားဂိတ်များမှာချခိုင်း
#Ayeyarwaddy_Times