ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

ဆန်ဖရန်စစ္စကိုမြို့တော်မှာပြုလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်း အဝေးရဲ့ ဘေးပန်းအဖြစ် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံမယ်လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အဆိုပါအစည်းအဝေးဟာ ဂျိုးဘိုင်ဒင်နဲ့ရှီကျင့်ဖျင်ကြား တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ် လာမှာဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ချိန် ပြီးခဲ့ တဲ့နှစ် နိုဝင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ နှစ်နိုင်ငံစလုံးမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ အမေရိကန်-တရုတ် မ ဟာဗျူဟာမြောက် ဆက်ဆံရေးနဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ အရေးပါမှုကို ဆွေးနွေးမယ်လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူက ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ဒေသတွင်းပြဿနာတွေနဲ့အတူ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ အစ္စရေး-ဟား မာစ်ပဋိပက္ခလိုမျိုး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။

ဂျိုးဘိုင်ဒင်နဲ့ ရှီကျင့်ဖျင်တို့က တရုတ်နိုင်ငံက လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေးနဲ့ တရုတ်နိုင်ငံက ရေ ကြောင်းလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတို့ကို ဆွေးနွေးမယ်လို့ မျှော်မှန်းရပါတယ်။

၂ နိုင်ငံစလုံးက အစည်းအဝေးပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အောက်တိုဘာလနှောင်းပိုင်းမှာ တရုတ်ထိပ် တန်းသံတမန် ဝမ်ယိက အစည်းအဝေးကျင်းပရေး ဆွေးနွေးဖို့ ဝါရှင်တန်မြို့တော်သို့ သွားရောက်ခဲ့ပါတယ်။

အစည်းအဝေးဟာ ပဋိပက္ခဖြစ်စေနိုင်သော ယှဉ်ပြိုင်မှုအန္တရာယ်ကို ရှောင်ရှားမယ့် ၂ နိုင်ငံကြား ပြိုင်ဆိုင်မှု ကို ဆွေးနွေးဖို့ ရည်ရွယ်တယ်လို့ အမေရိကန် တာဝန်ရှိသူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Biden, Xi to meet on Nov. 15 in San Francisco, US official

#Ayeyarwaddy_Times