ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၀ ရက်

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အလွဲ သုံးစားလုပ်မှုများဖြင့် စစ်ကောင်စီ၏ စစ်တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်‌သည်ဟု ယနေ့ရက်စွဲဖြင့် စစ်ကောင်စီ က ထုတ်ပြန်ထားသည်။

ယနေ့ နို၀င်ဘာ ၁၀ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ် ကောင်စီလက်အောက်ခံ ရုပ်သံမီဒီယာမှတစ်ဆင့် ဒု တိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးလုပ်ငန်းများတွင် လာဘ်စားသည်ဆို သည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက် ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ကောင်စီ၏စွပ်စွဲ ချက်များတွင် နိုင်ငံကူးလက်မှတ်(Passport)လုပ်ငန်း များတွင် မလျော်ဩဇာသုံးခြင်း၊ တံစိုးလက်ဆောင် လက်ခံခဲ့ခြင်း၊ ပြည်ထဲရေး၀န်ကြီးဌာန၏ ၀န်ထမ်း သက်သာချောင်ချိရေး ရန်ပုံငွေများကို ကိုယ်ကျိုးစီးပွါးအတွက် အသုံးပြုခဲ့သည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ယခုကဲ့သို့ ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်သည် ဟု ဆိုသည်။

ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် အမှုတွဲတွင် ပါ၀င်ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးတွင် လည်းကောင်း ရဲတပ်ဖွဲ့မှ တာ၀န်ရှိသူများကို ရဲစည်း ကမ်းဖြင့်လည်းကောင်း အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ကောင်စီက ပြည်ထဲရေး၀န်ကြီးအဖြစ်မှ အနားပေးခဲ့ပြီး နောက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့၀င် အဖြစ်မှပါ ထုတ်ပယ်ကာ စစ်ဘက်ကိုပြန်လည်ခေါ် ယူကြောင်း တရား၀င်ထုတ်ပြန်ခဲ့ပြီးနောက် လူမြင် ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ယင်းနောက် ယခုကဲ့သို့ စစ်တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်ထဲရေး၀န်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ပြည်ထဲရေး၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင် နေစဉ်တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် နိုင်ငံ ရေးအကျဉ်းသားအချို့ကို ကြိုးပေးကွပ်မျက်ရာ တွင် အနီးကပ်ကြီးကြပ်ခဲ့သူဖြစ်ပြီး နာမည်ကျော် စစ်ကြောရေးစခန်းများတွင်လည်း အဓိကအမိန့်ပေး စေခိုင်းခဲ့သူဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

#ဒုတိယဗိုလ်ချုပ်ကြီး #ပြည်ထဲရေး၀န်ကြီးဟောင်း #စိုးထွဋ် #လာဘ်စားမှု #အလွဲသုံးစား #ထောင်ဒဏ် #၅နှစ်ချခံရ #Ayeyarwaddy_Times