
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
အရှေ့အလယ်ပိုင်းဒေသမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့် အစ္စရေးနိုင်ငံရှိ ဗီယက် နမ်ပြည်သူတွေ ထွက်ခွာကြဖို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဗီ ယက်နမ်နိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရေး အစ္စရေးနိုင်ငံမှ စောလျင်စွာ ထွက်ခွာကြဖို့ အကြံပေးခဲ့တယ်လို့ ယနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုး သမီး ဖန်သူဟန်က ပြောပါတယ်။
လက်ရှိအချိန်ထိ ဗီယက်နမ်နိုင်ငံသား ၁၃ ဉီး အစ္စရေးနိုင်ငံမှ အမိမြေသို့ အန္တရာယ်ကင်းစွာ ပြန်လာခဲ့ပြီလို့ သူက ဆိုပါတယ်။
မြန်မာအာဏာပိုင်တွေဟာ မကြာသေးမီက တိုင်းပြည်မြောက်ပိုင်းရှိ ကာစီနိုတွေကနေ ဗီယက်နမ်နိုင်ငံ သားတွေ အပါအဝင် ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ကယ်ဆယ်ခဲ့တယ်လို့ မြန်မာနိုင်ငံရှိ ဗီယက်နမ်နိုင်ငံသား တွေကို ကာကွယ်ပေးရေးနဲ့ပတ်သက်လို့ ဖန်သူဟန်က ပြောပါတယ်။
ကယ်ဆယ်ခဲ့သူတွေအနက် ဗီယက်နမ်နိုင်ငံသား ၁၆၆ ဉီးကို မည်သူမည်ဝါဖော်ထုတ်ကာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဘေးကင်းသောနေရာတစ်ခုသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ကရင် ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ဗီယက်နမ်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ အဟန့်အတားဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗီယက်နမ်နိုင်ငံသားတွေကို ကာကွယ် ပေးရေးနဲ့ပတ်သက်လို့ မြန်မာနဲ့တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးက ဗီယက်နမ်နိုင်ငံသားတွေကို စောနိုင်သမျှစောပြီး ဘေးလွတ်ရာရွှေ့ ပြောင်းမယ့် အစီအစဉ်တွေကို ဗီယက်နမ်အာဏာပိုင်တွေအပြင် တရုတ်နိုင်ငံရှိ သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဆောင် ရွက်နေတယ်လို့ ဖန်သူဟန်က ဆက်ပြောပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အန္တရာယ်ကင်းရေး အာမခံဖို့ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးက မြန်မာအာဏာပိုင်တွေထံ အကူအညီတောင်းထားတယ်လို့ ဖန်သူဟန်က ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်သို့ သွားရောက်တာကို ရှောင်ကြဉ် ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေဟာ လက်ရှိမှာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ နေထိုင်နေတယ်ဆိုပါက ဘေးလွတ်ရာရွှေ့ပြောင်းမယ့် အစီအစဉ်တွေ အမြန်ဆုံး ပြုလုပ်ကာ ဗီယက်နမ်နိုင်ငံသို့ ပြန်သင့်တယ်လို့ သူက သ တိပေးပါတယ်။
ကိုးကား – Vietnam Plus
Ref; Foreign ministry urges Vietnamese citizens to leave Israel, Myanmar immediately