
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
မြောက်ကိုရီးယားနဲ့ရုရှားကြား စစ်ဘက်ဆက်ဆံရေးက ကြီးထွားလာပြီး အန္တရာယ်ရှိလာတာကြောင့် တ ရုတ်နိုင်ငံက မြောက်ကိုရီးယားကို ထိန်းချုပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က နိုဝင်ဘာ လ ၉ ရက်မှာ သတိပေးခဲ့ပါတယ်။
အန်တိုနီဘလင်ကန်ဟာ ဂျပန်နိုင်ငံမှာ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ခဲ့ပြီး နောက် ဆိုးလ်မြို့တော်သို့ ရောက်ရှိလာပြီး တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုအပြင် ထိပ်တန်း တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နဲ့တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ရုရှားနဲ့ အန္တရာယ်ရှိသော စစ်ဘက်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ပြုလုပ်တဲ့ ပူးတွဲသ တင်းစာရှင်းလင်းပွဲမှာ အန်တိုနီဘလင်ကန်က ပြောပါတယ်။
“ယူကရိန်းကျူးကျော်စစ် ဆက်လက်ဆင်နွှဲနိုင်ဖို့ မြောက်ကိုရီးယားက ရုရှားထံ စစ်လက်နက်တွေ ထောက်ပံ့သလို ရုရှားက မြောက်ကိုရီးယာကို နည်းပညာတွေ ပံ့ပိုးကူညီတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်” လို့ သူက ဆိုပါတယ်။
ကမ္ဘာပတ်လမ်းကြောင်းအတွင်း စစ်ဘက်သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ဖို့ ရုရှားရဲ့ အာကာသ နည်းပညာ အလဲအလှယ်အနေနဲ့ မြောက်ကိုရီးယားက ရုရှားထံ စစ်လက်နက်တွေ ထောက်ပံ့နေတယ်လို့ တောင် ကိုရီးယားက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့တဲ့ အထောက်အထားမရှိဘူးလို့ ရုရှား သမ္မတရုံးက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။
တာဝန်မဲ့သော ဒုံးကျည်ပစ်လွှတ်မှုတွေ အပါအဝင် မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို ထိန်း ချုပ်ရာမှာ အခန်းကဏ္ဍတစ်ရပ်မှပါဝင်ဖို့ ပြုံယမ်းရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကို အန်တိုနီဘလင်ကန် က တောင်းဆိုခဲ့ပါတယ်။
အစောပိုင်းမှာ အန်တိုနီဘလင်ကန်နဲ့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ချိုတေးယောင်တို့ က ယူကရိန်းမှာသုံးဖို့ ရုရှားသို့ စစ်လက်နက်တွေ ပေးပို့မှုကြောင့် မြောက်ကိုရီးယားကို ရှုတ်ချခဲ့ပါတယ်။
ဂါဇာပြည်သူများသို့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်မယ့် တောင်ကိုရီးယားနိုင်ငံရဲ့ ကတိကဝတ် ကြောင့် သမ္မတ ယွန်ဆတ်ခ်ယိုကို ကျေးဇူးတင်ရှိတယ်လို့လည်း အန်တိုနီဘလင်ကန်က ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; Blinken warns North Korea, Russia military ties ‘growing and dangerous’