ဧရာဝတီတိုင်းမ်
(ဖားကန့်)၊ ဇူလိုင်လ ၂၄ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇူလိုင်လ ၂၃ ရက်နေ့ညနေပိုင်းက မြို့အဝင်မှာရှိတဲ့ ရဲကင်းကို အမည်မသိ အဖွဲ့က လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပန်းပင်တံတားအနီးမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲကင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ညနေ ၅ နာရီခွဲလောက်မှာ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ သေနတ်သံတွေကြားလိုက်တာ ပြီးမှ မြို့အဝင်က ရဲကင်းကို ဝင်ပစ်သွားတယ်ပြောတယ် နောက်ကလည်း ဟိုကောင်တွေကလိုက်ပစ်တယ် သေတာတော့ရှိမယ် အသေချာမသိရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲကင်းသေနတ်နဲ့အပစ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက မြို့အဝင်ထွက်ဂိတ်တွေနဲ့ မြို့တွင်းကို လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့မှာ ဇူလိုင်လ လဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီရဲ့တပ်သားတွေ နယ်မြေကျူးကျော်စစ်ကြောင်း ထိုးထားတွေကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့သလို လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ – ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာအား အစားထိုး ဖော်ပြခြင်းဖြစ်ပါသည်။