
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
တရုတ်အစိုးရက နိုဝင်ဘာလ ၉ ရက်မှာ တရုတ်နိုင်ငံသားတွေကို ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းသို့ သွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက ဒေသအများအပြားမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လက် ရှိအချိန်မှာ မြန်မာနိုင်ငံမြောက်ပိုင်းသို့ မသွားရောက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံသားတွေ ကို တိုက်တွန်းပါတယ်” လို့ ပေကျင်းမြို့တော်အခြေစိုက် Global Times သတင်းစာက ဖော်ပြပါတယ်။
“ပဋိပက္ခဒေသမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေက အခြေအနေကို စောင့်ကြည့်ကာ ဘေးအန္တရာယ်ကင်း သောနေရာသို့ ရွှေ့ပြောင်းသင့် သို့မဟုတ် နေရပ်ပြန်သင့်ပါတယ်” လို့ အဆိုပါနိုင်ငံပိုင်သတင်းစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။
ကိုးကန့်တပ် MNDAA၊ တအောင်းတပ်ဖွဲ့ TNLA နဲ့ ရခိုင့်တပ်တော် AA တို့က စစ်ကောင်စီစစ်စခန်း အများ အပြားနဲ့ မြို့ ၄ မြို့ကို သိမ်းပိုက်ကာ တရုတ်နိုင်ငံသို့သွားတဲ့ အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးကာ ထောင်ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာရပြီး ရာချီတဲ့ပြည်သူတွေ နယ် စပ်ဖြတ်ကျော်ရတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ရှမ်းပြည် နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; China bars citizens from visiting conflict-hit northern Myanmar