
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
ဧရာ၀တီတိုင်းရှိ စစ်ကောင်စီ၏ အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့များသည် သာပေါင်းမြို့နယ်အတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသော သစ်တောများအတွင်း နို၀င်ဘာလ ၆ရက်နေ့ကစပြီး စစ်ကြောင်းထိုး ရှာဖွေနေကြောင်းဒေသခံများထံမှသိရှိရသည်။
“သာပေါင်းနဲ့ ရခိုင် အစပ်က ရေနံသာကားလမ်းတစ်လျှောက် သစ်တောတွေကို ၀င်မွှေနေတာ အင်အားကတော့ ၃၀ကျော်လောက်ရှိမယ်”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိတွင်ရခိုင်ပြည်နယ်ဘက်မှ PDFတပ်ဖွဲ့များ ၀င်ရောက်မည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် သာပေါင်းမြို့နယ် ဘုရားကုန်းကျေးရွာရှိ ရဲစခန်းတွင် အထိုင်ချကာ တောလမ်းများနှင့် ကားလမ်းများကိုယခုကဲ့သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှသိရှိရသည်။
လက်ရှိတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများနေသောကြောင့်ည ရှေ့တန်းထွက်ရမည်ကို စိုးရိမ်ကာဧရာ၀တီတိုင်းသစ်တောများတွင် PDFများရှိသည်ဟုဆိုပြီး ဟန်ဆောင်ကာ စစ်ကြောင်းထိုးပြနေခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူအချို့က ပြောသည်။
ဧရာ၀တီတိုင်းတွင် ရခိုင်ရိုးမနှင့်ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင် မြို့များတွင် စစ်ကောင်စီက တောနင်း၍ စစ်ကြောင်းထိုးမှုများ အမြဲပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှသိရှိရသည်။
#PDFများ၀င်ရောက်လာမည်ဟု #သတင်းများထွက်ပေါ်နေ #သာပေါင်းမြို့နယ် #သစ်တော #စစ်ကောင်စီစစ်ကြောင်းထိုး #Ayeyarwaddy_Times