ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက မကြံစဖူးနည်းလမ်းနဲ့ စစ်ကောင်စီကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ မြန်မာစစ်တပ်ဟာ တရုတ်နယ်စပ်တစ်လျှောက်မှာ နယ်မြေအချို့ထိန်းချုပ်မှု လက် လွှတ်ခဲ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စုပေါင်းထိုးစစ်ဆင်မှုက မြန်မာစစ်တပ်ကျောထောက် နောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေက တရုတ်နယ်စပ်မှာတစ်လျှောက်ရှိ ဒေသတွေမှာ လုပ်ကိုင်နေတဲ့ အကျိုးများ သော ရာဇဝတ်လုပ်ငန်းတွေကို ဖြိုခွင်းဖို့ဖြစ်ပါတယ်။

ဒါဟာ စစ်အုပ်ချုပ်ရေးအပေါ် ပြည်သူလူထုရဲ့ တော်လှန်ရေးမှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်ပိုင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာ့အိမ်နီးချင်းတွေအတွက် ပြင်း ထန်သော စိန်ခေါ်မှုသစ်တွေ ဖြစ်လာနိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ တရုတ်နိုင်ငံသားတွေ လူ ကုန်ကူးခံရမှုကို နှိမ်နင်းဖို့ကြိုးပမ်းမှုမှာ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ အွန်လိမ်ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရေး မြန် မာစစ်တပ်အပေါ် ဖိအားပေးဖို့ ပါဝင်ပါတယ်။

ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တစ်ခုဖန်တီးမယ့် အစီအစဉ်တွေအတွက် ပတ်ဝန်းကျင်တစ်ရပ် ရှိလာမှာဖြစ်ပြီး မြန်မာ့အိမ်နီးချင်းတွေက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်နိုင်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းဖွင့်ပေးလာမှာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စိန်ခေါ် မှုက တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် တော်လှန်ရေးခေါင်းဆောင်ပိုင်းနဲ့ ပိုမို ထိရောက်စွာ ထိတွေ့ဆက် ဆံဖို့၊ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစေမယ့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းမယ့် ဒီမို ကရေစီ ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းမယ့်လုပ်ငန်းစဉ်ကို ကူညီပဲ့ကိုင်ပေးဖို့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက တော်လှန်ရေးလှုပ်ရှားမှုနဲ့ ခိုင်မာသောဆက်ဆံရေး တည်ဆောက်ထားပေမယ့် တိုင်း ပြည်တည်ငြိမ်ရေး စစ်တပ်အပေါ် မှီခိုနေရတဲ့ ဒေသတွင်းမိတ်ဖက်တွေကို မြန်မာစစ်တပ်ဟာ ရှင်သန်နိုင်သော မ ဟာဗျူဟာတစ်ရပ် မရှိတော့ဘူးဆိုတာ ဖျောင်းဖျဖို့ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း လူထောင်နဲ့ချီ ကို လူမှောင်ခိုကူးပြီး ဒေါ်လာဘီလီယံချီ ခိုးယူနေတဲ့ မြန်မာနိုင်ငံက အဓမ္မခိုင်းစေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လက်သင့်မခံဘူးဆိုတာ တရုတ်နိုင်ငံဟာ မေလကတည်းက မြန်မာဗိုလ်ချုပ်ကြီးတွေထံ ရှင်းလင်းတဲ့ သတင်းစ ကားတစ်ရပ် ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လက်ခံထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ထိန်းချုပ် ထားတယ်လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပါတယ်။

No More Bets, Tainted Love နှင့် Lost in the Stars ရုပ်ရှင် ကားတွေဟာ ဝင်ငွေ ဒေါ်လာတစ်ဘီလီယံကျော် ရရှိခဲ့ပြီး အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံသားတွေဟာ တရုတ် နိုင်ငံရဲ့ အကူအညီနဲ့သာ ဘေးကင်းနိုင်မယ်ဆိုတဲ့ သတင်းစကား ပေးပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အွန်လိုင်းငွေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ဝတပ်ဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူ ၂ ဉီးကို ဖမ်းဆီးဝရမ်း ထုတ်ခဲ့ပါတယ်။

ဝတပ်ဖွဲကလည်း ငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာ ၄၀ ကျော်ကို စီးနင်းကာ အခြားတိုင်းပြည်များမှ ရာနဲ့ ချီတဲ့သူတွေ အပါအဝင် သံသယရှိသူ ၄၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေရဲ့ သန်းနဲ့ချီတဲ့ အချက်အလက်တွေပါဝင်တဲ့ ထောင်ချီသော ကွန်ပြူတာတွေနဲ့ မိုဘိုင်းဖုန်းတွေကိုလည်း ဝတပ်ဖွဲ့က တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။

အောက်တိုဘာလလယ်မှာ ကိုးကန့်အဖွဲ့ဟာ Rhode ကျွန်အရွယ်အစားရှိ သူ့ရဲ့အထူးနယ်မြေအတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်း ၁၀၀ ကျော်မှာ ထိန်းသိမ်းခံ ထားရသူ ၃၀၀၀၀ ခန့်အနက် ၃၇၇ ဉီးကို လွှတ်ပေးခဲ့ပါတယ်။

အောက်တိုဘာလ ၂၇ ရက်မှာ ကိုးကန့်အဖွဲ့ MNDAA က မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ ရခိုင့်တပ် တော် (AA)၊ တအောင်းတပ်ဖွဲ့ (TNLA)၊ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့ PDF တို့နဲ့အတူ ရှမ်းပြည်နယ်မြောက် ပိုင်းရှိ စစ်ကောင်စခန်းတွေကို တိုက်ခိုက်ကာ Operation 1027 ကို စတင်ခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေး စတင်ပြီး တစ်ပတ်ခန့်အကြာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်တစ်လျှောက်ရှိ စစ်စခန်း ၁၄၀ ခန့်ကို သိမ်းပိုက် ကာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်မှ မန္တလေးမြို့သို့သွားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်က အရေးပါသော နယ်စပ်မြို့တွေ၊ စစ်ဆေးရေးဂိတ်တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခုဆိုရင် အခွန်ငွေအတွက် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးရဲ့ ၄၀ ရာ ခိုင်နှုန်းကို ကိုယ်စားပြုသော အလွန်ကို အရေးပါတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်တွေ မထိန်းချုပ်နိုင်တော့ဘူး။

စစ်ကောင်စီရဲ့ ကိုးကန့်ဒေသရှိ ဒေါ်လာဘီလီယံချီတန်ကြေးရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ မလည်ပတ်နိုင်တော့တာ ဟာ နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ ကိုးကန့် BGF ကျဆုံးတာကလည်း စစ်ကောင်စီက ရှမ်းပြည် နယ်မြောက်ပိုင်းမှာ အင်အားအကြီးဆုံး တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခု ဆုံးရှုံးတာဖြစ်ပါတယ်။

နယ်စပ်တစ်လျှောက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံက နှိမ်နင်းမှုက မြန်မာနိုင်ငံမှာ တရုတ် နိုင်ငံရဲ့ လုံခြုံရေးသြဇာတိက္ကမ တိုးလာခဲ့တာဖြစ်ပါတယ်။ ပထမဆုံး တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တွေအပေါ် သြဇာတိက္ကမရှိတာ သံသယရှိစရာမလိုပါဘူး။

ဒုတိယအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မြန်မာစစ် တပ် ထိန်းချုပ်မှု လျှော့နည်းလာတာနဲ့ MNDAA က ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်တာဟာ တရုတ်နဲ့ထိစပ် နေတဲ့ မြန်မာနယ်မြေတွေကို တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုအားထားနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလက်ထဲ ရောက်သွားနိုင်တာပဲဖြစ်ပါတယ်။

ကိုးကန့်ဒေသမှာ မြန်မာစစ်တပ် ရှုံးနိမ့်တာဟာ PDF တွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံရှိ နယ်စပ်ဖြတ်ကျော် ကွန်ရက်တွေရဲ့တည်ရှိမှုကို တရုတ်နိုင်ငံက သတိထားမိခဲ့တာကို NUG ရဲ့ မကြာသေးမီ ထုတ်ပြန်ချက်က ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်ရဲ့ လုံခြုံရေးပြဿနာတွေကို ဖြေရှင်းရာမှာ NUG ကို တစ်ဖြည်းဖြည်း မိတ်ဖက်အဖြစ် သတ်မှတ်လာနိုင်ပါတယ်။

အခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံရဲ့ လုံခြုံရေး သြဇာတိက္ကမ တိုးလာတာဟာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး စိုးရိမ်သင့်ပါတယ်။

မြန်မာနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းကွန်ရက်တေွ ပေါ်ထွက်လာတာနဲ့ အာဏာသိမ်းစစ်ကောင်စီကို လက်နက် ကိုင်တွန်းလှန်တာက အမေရိကန်နိုင်ငံအတွက် အရေးပါသော စိုးရိမ်ပူပန်စရာကိစ္စသုံးခု ဖြစ်စေပါတယ်။

ပထမအ ချက်မှာ တရုတ်နိုင်ငံရဲ့ နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအပေါ် ဖြိုခွင်းမှုကြောင့် ငွေလိမ်ဂိုဏ်း တွေက ဉပဒေစိုးမိုးမှုမရှိတဲ့ မြန်မာနိုင်ငံရှိ အခြားဒေသတွေကို ရွှေ့ပြောင်းစေတဲ့ သက်ရောက်စေပါတယ်။ တရုတ် နိုင်ငံရဲ့ အလေးထားမှုကို ရှောင်ကြဉ်ဖို့ တရုတ်နိုင်ငံသားမဟုတ်သူတွေကို ပစ်မှတ်ထားသော ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ လည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရှိလာပါတယ်။

အမေရိကန်နိုင်ငံက အဆိုပါပြဿနာကို တရုတ်နိုင်ငံနဲ့ တိုက်ရိုက် ဖြေရှင်းဖို့ စဉ်းစားသင့်ပါတယ်။ အဆို ပါပြဿနာဟာ တရုတ်နိုင်ငံရဲ့ တာဝန်သာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေ ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး တရုတ်နိုင်ငံက အဆိုပါပြဿနာကို ထိရောက်စွာ မကိုင်တွယ်မီ ဆယ်စုနှစ်တစ်ခု ကြာအောင် တရုတ်နိုင်ငံအဆင့် အာဏာပိုင်တွေနဲ့ အကျင့်ပျက်ချစားသော တာဝန်ရှိသူတွေက အွန်လိုင်းငွေလိမ် ဂိုဏ်းတွေကို သိသိသာသာ ကူညီပေးခဲ့ပါတယ်။

ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းမှုကို ကူညီ ထောက်ပံ့ဖို့ အမေရိကန်နိုင်ငံအတွက် အချိန်ကျပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကြိုးပမ်းမှုသာမရှိရင် မြန်မာနိုင် ငံဟာ တရုတ်သြဇာတိက္ကမလက်အောက် ကျရောက်နိုင်ပြီး အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်နဲ့မဟာမိတ်တွေအ တွက် တရုတ်သြဇာခံတိုင်းပြည်တစ်ခု ပေါ်လာနိုင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အရေးယူမှုတွေထဲမှာ ကမ္ဘာလုံး ဆိုင်ရာ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ရဲ့ BGF တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့တဲ့ ပိုမိုပြင်းထန်သော ကြိုးပမ်းမှုတွေ ပါဝင်ရမှာဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ အမေရိကန်နိုင်ငံဟာ အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုအတွက် အရပ်သား ခေါင်းဆောင်မှုကို ပိုမို ထောက်ခံအားပေးဖို့ ဒီအလှည့်အပြောင်းကို အားသားချက်ရသင့်ပြီး အိန္ဒိယ၊ ထိုင်းနဲ့ အရေး ပါသော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အလေးထားရမှာဖြစ်ပါတယ်။

ဝါရှင်တန်အနေနဲ့ ဒေသတစ်ခုလုံးကို သက် ရောက်စေတဲ့ ကြီးထွားလာတဲ့ ရာဇဝတ်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းမယ့် ညှိနှိုင်း ဆောင်ရွက်မှုကြိုးပမ်းမှုတွေအတွက် အခြေခံတူညီမှု ဖော်ထုတ်သင့်ပါတယ်။

ဒါဟာ ထိုင်းစီးပွားရေးအပေါ် မြန်မာနိုင်ငံက ရာဇဝတ်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဖြေရှင်းလိုတဲ့ ထိုင်းအစိုးရသစ်အတွက် အထူး အရေးကြီးပါတယ်။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ အထူးသဖြင့် တရုတ်နိုင်ငံ သားတွေရဲ့ ရာဇဝတ်မှုခြိမ်းခြောက်မှုတွေကို ဖြေရှင်းမယ့် ခေါင်းဆောင်ပိုင်းကို အားပေးဖို့ အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံသို့ သိသာတဲ့ ပံ့ပိုးကူညီမှု ပေးသင့်ပါတယ်။

နိုဝင်ဘာလ ၈ ရက်က USIP ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် Priscilla A. Clappe နဲ့ Jason Tower တို့ ရေးသားထား တဲ့ Myanmar’s junta is losing control of its border with China ကို ဆီလျှော်အောင် ဘာသာပြန်ထားပါ သည်။

#Ayeyarwaddy_Times