
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေလင့်ကစား ယူကရိန်းအတွက် ထောက်ပံ့မှုက ဘယ်တော့မှ ယိမ်းယိုင်မှာမဟုတ်ဖူးလို့ G7 အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
ရုရှားက ရေရှည်စစ်ပွဲတစ်ရပ် ဆင်နွှဲဖို့ ပြင်ဆင်နေတာကို လက်ခံထားတယ်လို့ ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ G7 အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပြီး ယူကရိန်းကို စီးပွားရေးနဲ့ စစ်ရေးအရ ဆက်လက်ပြီး ပံ့ပိုးကူညီမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ G7 အဖွဲ့ က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှေ့ဆုံးကနေ ပြုလုပ်ခဲ့ပါတယ်။
အစ္စရေး-ဂါဇာစစ်ပွဲကြောင့် ယူကရိန်းအတွက် ပံ့ပိုးကူညီမှု အာရုံမပြောင်းသင့်ဘူးလို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာ မနီ၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ အမေရိကန်အစိုးရတွေက တိုကျိုမြို့တော်မှာ ပြောကြားခဲ့ပါတယ်။
မျက်မှောက်မှာ နိုင်ငံတကာ၌ တင်းမာမှုတွေရှိလင့်ကစား ရုရှားနိုင်ငံအပေါ် အပြင်းအထန် ဒဏ်ခတ်အ ရေးယူပြီး ယူကရိန်းကို ဆက်လက် ပံ့ပိုးကူညီဖို့ လိုအပ်တယ်လို့ G7 ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်တစ်ရပ်က ဖော်ပြပါတယ်။
G7 အဖွဲ့ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချရာမှာ အတူရပ်တည်ခဲ့တယ်လို့ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင် အဆိုပြုတဲ့ ယူကရိန်းသို့ ဒေါ်လာ ၆၀ ဘီလီယံ ငွေကြေးအကူအညီပေးမယ့် အစီအစဉ် ကို ကွန်ဂရက်မှာ ရီဗက်ပလီကင်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် ကြန့်ကြာခဲ့ရပါတယ်။
လက်ရှိအကူအညီဟာ သီတင်းပတ်အနည်းငယ်အတွင်း ကုန်တော့မှာဖြစ်တာကြောင့် ယူကရိန်းတပ်ဖွဲ့ တွေအတွက် ကြောက်မတ်ဖွယ်ရာ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါ တယ်။
ကိုးကား – BBC
Ref; G7 Summit: Block insists support for Ukraine ‘will never waver’