ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

အရပ်သား သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူ ၃၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ မြန်မာနိုင်ငံမြောက် ပိုင်းက စစ်တပ်နဲ့ တိုင်းရင်းသားမဟာမိတ်တွေကြား ပြင်းထန်သောတိုက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ကုလ သမဂ္ဂအဖွဲ့က ထုတ်ဖော်ပြောလိုက်ပါတယ်။

“အရပ်သား သေဆုံးမှုတွေရှိခဲ့ပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာမှုဖြစ်စေတဲ့ လေကြောင်းတိုက် ခိုက်မှု သတင်းတွေနဲ့အတူ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်က ပြင်းထန်တဲ့တိုက်ပွဲတွေက ကျွန်တော်တို့ကို အထိတ်တလန့်ဖြစ်စေပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။

အရပ်သားတွေကို ကာကွယ်ပေးသင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထပ်လောင်းအတည်ပြုကြောင်း သူက ပြောပြီး လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားရှိ ခွင့်ပြုပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါဇင်နဲ့ချီတဲ့ စစ်စခန်းတွေနဲ့ မြို့ ၄ မြို့ကို သိမ်းယူနိုင်ခဲ့ပြီး တရုတ်နိုင်ငံကိုသွားသော အရေးပါတဲ့ ကုန် သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ထားတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြီးခဲ့တဲ့စနေနေ့မှာ ပြောကြား ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့နဲ့ စစ်ကောင်စီက ကာကွယ်ပေးထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပစ်မှတ်ထားဖို့ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပူးတွဲထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လူမှောင်ခိုကူးခံရသူတွေ အပါအဝင် ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို မြန်မာတပ်ဖွဲ့တွေ တပ်စွဲထားရာနေရာသို့ ရွှေ့ပြောင်းခဲ့ရပေမယ့် အဆောက်အဉီတစ်လုံးအတွင်း ဒါဇင်နဲ့ချီသူတွေ ပိတ်မိနေဆဲဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက ပြောပါတယ်။

နယ်စပ်တစ်လျှောက် တည်ငြိမ်မှုထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ် အကြီးတန်းသံတမန်တစ် ဉီးက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong ဟာ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်အထိ မြန် မာနိုင်ငံသို့ သွားရောက်ကာ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ အကြီးတန်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

မကြာသေးမီက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစစ်ကောင်စီ ရင်ဆိုင်ခဲ့ရတဲ့ အကြီးမားဆုံး စစ်ရေးစိန်ခေါ်မှုဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒေါ်လာဘီလီယံချီတန်ကြေးရှိ ရထားလမ်းစီမံကိန်း ရှိရာ ရှမ်းပြည်နယ်မှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း တောင်းဆိုခဲ့ပါတယ်။

ကိုးကား – AFP
Ref; UN ‘alarmed’ at fighting in Myanmar, noting mass displacement

#Ayeyarwaddy_Times