ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မဟာ စစ်ဒေသ(၁) နမ့်ခမ်းမြို့လယ် ဘုရားပရ၀ဏ်အတွင်း စခန်းချတပ်စွဲထားသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ် စခန်းကို တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ယနေ့ နိုဝင်ဘာ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ် ကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် နမ့်ခမ်းမြို့လယ် ဘုရား၀န်းအတွင်း ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်ကို ၀င်ရောက်တိုက်ခိုက်ပြီး မြို့ကို အပြီးသတ် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ နို၀င်ဘာ ၆ ရက်နေ့က နမ့်ခမ်းရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်များရရှိခဲ့ပြီး ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ပူးပေါင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၂၈ လက်၊ ပစ္စတိုတစ်လက်နှင့်စစ်အသုံး ဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုထားသည်။

အလားတူ ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က TNLA နှင့် မန္တလေး PDF ပူး ပေါင်းတပ်ဖွဲ့သည် နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားအနီးပတ်၀န်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ဂုတ်ထိပ် ရှုခင်းသာအထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပုံစာ- နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်း ရရှိသည့် လက်နက်များ
#ရှမ်းမြောက် #TNLA #AA #နမ့်ခမ်းမြို့ထိန်းချုပ် #Ayeyarwaddy_Times