ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလအတွင်းက စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့၀င်တစ်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့၀င်မှာ ငပုတောမြို့နယ် မြို့မရဲစခန်းရှိ ရဲတပ်သား တစ်ဦးဖြစ်ပြီး ပုသိမ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာ၀န်ယူ၍ သက်ဆိုင်ရာ နေရာသို့ လုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“နို၀င်ဘာ၁ရက်နေ့က ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီး CDMပြုလုပ်ခဲ့တာ။ ရာထူးကတော့ ရဲတပ်သား အဆင့်ဖြစ်ပါတယ်” ဟု ပုသိမ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံ ကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်မ်းကို ပြောသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များ CDM ပြုလုပ်လာခြင်းကို ချိတ်ဆက်ကူညီပေးခဲ့ပြီး လက်ရှိ တစ်နှစ်အတွင်း သတင်းရဲတပ်ဖွဲ့(SB)နှင့် ရဲတပ်ဖွဲ့၀င်စုစုပေါင်း ခြောက်ဦး အထိ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ဧရာ၀တီတိုင်း #ငပုတောမြို့နယ်မြို့မရဲစခန်း #ရဲတပ်ဖွဲ့၀င်CDMပြုလုပ် #ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ #Ayeyarwaddy_Times