ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့၀င်များ စစ်မတိုက်လို၍ လက်နက်များထားကာ ထွက်ပြေးသွားကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ နို၀င်ဘာ ၅ ရက်နေ့က ကိုးကန့်ခရိုင် ရှီးရှမ်း ဒေသ၊ တာရွှေထန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို ကိုးကန့်တပ်မတော် (MNDAA) က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လက်နက်များကိုထား၍ စခန်းစွန့်ခွာ ထွက်ပြေး သွားကြောင်း သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၄ ရက်နေ့ကလည်း ကိုးကန့်ဒေသ၏ တောင်ပိုင်းစစ်ကြောင်းရေး မဟာဗျူဟာကို MNDAA က တိုက်ခိုက်သိမ်းပိုက်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ တိုက်ခိုက်လို စိတ်ကျဆင်းပြီး ယခုကဲ့သို့လက်နက်နှင့် စခန်းကိုစွန့်ခွာထွက်ပြေး ကြခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယနေ့ နို၀င်ဘာ ၆ ရက်နေ့တွင် ကိုးကန့်ဒေသ သိန္နီမြို့နယ်တွင်ရှိသည့် တာဂန်ထန်ဗျူဟာစခန်း အပါအ၀င် စစ်စခန်း လေး ခုနှင့် စစ်ယာဉ်တန်းတို့ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တာဂန်ထန်ဗျူဟာစခန်းသည် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ၏ ဒုတိယအကြီးဆုံးစခန်းကြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-The Kokang
#ရှမ်းမြောက် #ကိုးကန့်MNDAA #စစ်ကောင်စီတပ် #ပြည်သူ့စစ် #စခန်းစွန့်ခွာ #လက်နက်များစွန့်ခွာထွက်ပြေး #Ayeyarwaddy_Times