
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်မှုရှိရေး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ် လက် ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်တယ်လို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက တည်ငြိမ်မှု ပြန်လည်ရရှိကာ ဖြစ်နိုင်သမျှစောပြီး ပြည်တွင်း သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်အထိ ရှားပါးခရီး စဉ်တစ်ခု သွားရောက်ခဲ့တဲ့ Nong Rong က ပြောပါတယ်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးမယ့်အစီအမံတွေ လုပ် ဆောင်ဖို့လည်း သူက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံး တရုတ်နိုင်ငံပိုင်နက်ထဲ ကျရောက်ခဲ့လို့ တရုတ်နိုင် ငံသားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အခုလို စစ်ကောင်စီကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံရှိရာ ရှမ်းပြည်နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့တွေကို ထောက်ပံ့ပေးခြင်းဟာ မြန်မာ့အရေးဖြေရှင်းဖို့ အထိရောက်ဆုံးအဖြေဖြစ်တယ်လို့ ယူဆလာဖွယ်ရှိ ပါတယ်။
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် အခြေအနေဟာ မရေရာမှုတွေ ရှိနေဆဲဖြစ်ပြီး ပဋိပက္ခဟာ ပျံ့နှံ့လာ ကာ တရုတ်နိုင်ငံရှိ တရုတ်နိုင်ငံသားတွေကို ထိခိုက်လာစေပါတယ်။
မကြာသေးမီက မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲ ကျရောက်မှုနဲ့ မြန်မာ့ပဋိပက္ခက မြန်မာနဲ့ အိမ်နီးချင်းတိုင်းပြည်တွေ အထူးသဖြင့် တရုတ်နိုင်ငံ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးတဲ့အခြေအနေနဲ့ စိန်ခေါ်မှု တွေကို ဖော်ပြနေပါတယ်။
ကိုးကား – Reuters
Ref; China calls on Myanmar to maintain stability along border through cooperation