ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၆ ရက်

စစ်ကိုင်း၊ ကောလင်းမြို့တွင် စစ်ကောင်စီ၏ လေယာဉ်ပစ်ကူများရှိသော်လည်း ဒေသကာကွယ်ရေးပူး ပေါင်းအဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် နို၀င်ဘာ ၃ ရက်နေ့ကတည်းက စတင်၍ စစ်ကောင်စီအခိုင်အမာ တပ်စွဲ ထားသည့် နေရာများကို တိုက်ခိုက်စီးနင်းခဲ့ရာ ယမန်နေ့ နို၀င်ဘာ ၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ကောလင်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များရရှိခဲ့ကြောင်း မြေပြင်ရဲဘော်များထံက သိရသည်။

ထို့အပြင် ယနေ့ နို၀င်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျန်ရှိနေသည့် မြို့နယ်ထွေအုပ်ရုံးကို ဆက်လက် တိုက်ခိုက်ခဲ့ပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ်သား အချို့ အလံဖြူ ထောင်အညံ့ခံ လက်နက်ချခဲ့ကြကြောင်း သိရသည်။

“ရဲစခန်းကို မနေ့ကတည်းက သိမ်းပြီးတာ။ ပြည်သူ တွေကို မြို့သိမ်းတိုက်ပွဲစကတည်းက ဘေးလွတ်ရာ ကိုရွှေ့ပေးတယ်။ အချို့တွေက အိမ်ကနေမခွာချင်ဘူး။ ပိတ်မိနေတော့ ကယ်ထုတ်ပေးရင်း ကိုယ့်ဘက် ကအကျအဆုံး တွေရှိသွားတယ်။ နောက်ကို တိုက်ပွဲ ဖြစ်ရင် ရွှေ့ပေးကြပါ စစ်ကောင်စီနဲ့ဝေးရာနေပေးကြပါ” ဟု မြေပြင်ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကောလင်းမြို့ကို စစ်ကောင်စီတပ်က နို၀င်ဘာ ၄ ရက်နေ့ကစတင်ပြီး ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့ပြီး လေကြောင်းမှဆက်တိုက်ပစ်ခတ် တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည့်အတွက် ကောလင်းမြို့ထဲတွင် ပိတ်မိနေသည့် ဒေသခံပြည်သူများကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ကယ်ထုတ်စဉ် ကာကွယ်ရေးတပ်ဖွဲ့မှ တပ်စိတ်မှူးတစ်ဦး ထိခိုက်ကျဆုံး ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ထဲတွင်ပိတ်မိနေခဲ့သည့် ဒေသခံပြည်သူ ၃၀ နီးပါး သေဆုံးမှုရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ် တပ်စွဲထားခဲ့သည့် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အထက ကျောင်းတို့ကို ကာကွယ်ရေူပူးပေါင်းအဖွဲ့များက ၀င်ရောက်စစ်ဆေး‌ရှင်း လင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

ပုံစာ-ကောလင်းရဲစခန်းမှ လက်နက်များ သိမ်းဆည်းရမိစဉ်
#စစ်ကိုင်းတိုင်း #PDF #ကောလင်းမြို့သိမ်းတိုက်ပွဲအောင်မြင် #Ayeyarwaddy_Times