ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၅ ရက်

စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ရ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ နို၀င်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီတွင် စစ်ဒေသ ၃ နမ့်ခမ်းမြို့၊ မိုင်းဝီးကျေးရွာရှိ မန်၀င် စစ်ကောင်စီတပ်စခန်းနှင့် စစ်ဒေသ-၄ နမ္မတူမြို့နယ်၊ ပန်သပြေရွာရှိ တပ်စခန်းနှစ်ခုတို့ကို တပြိုင်နက်တည်းတိုက် ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ရှမ်းမြောက်ကိုစစ်ကူရန် စေလွှတ်လိုက်သည့် စစ်ကား‌လေးစီးပါ စစ်ယာဉ်တန်းကို လားရှိုး-သန္နီကြားရှိ နမ့်တွန်ကျေးရွာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကား လေးစီး လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာတွင် လက်နက်နှစ်လက်၊ စစ်အသုံး အဆောင်ပစ္စည်းများနှင့် စစ်ကားလေးစီးကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLAက ထုတ်ပြန် ထားသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှု ၁၀ ရက်မြောက်နေ့တွင် စစ်ကောင်စီစစ်ခန်း၊ တပ်စခန်းပေါင်း ၁၃၅ ခုကို သိမ်း ပိုက်ထား နိုင်ခဲ့ပြီး တအာင်းတပ်မတော်(TNLA)အနေ ဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စခန်း ၂၈ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီတပ်ဘက်ကလည်း မြို့သုံးမြို့နှင့် တပ်စခန်းများလက်လွှတ် ဆုံးရှုံးခဲ့ခြင်းကို၀န်ခံခဲ့ပြီးနောက် ရှေ့တန်းရောက်စစ်ကောင်စီတပ်သားများကို အလှူရှင် ပြည်သူများမှ ငွေကြေးအမြောက်အများလှူဒါန်းကာ ဒံပေါက်ဘူးနှင့် ပြည်သူ့ထံမှ ပေးစာများပေးပို့၍ ပြည်သူများကထောက်ခံ အားပေးနေကြောင်း ဝါဒဖြန့်မှုများကို တွင်တွင်ကျယ်ကျယ်ဖော်ပြလျက်ရှိသည်။

ဓာတ်ပုံ- PSLF/TNLA (သတင်းနှင့်ပြန်ကြားရေးဌာန)
#ရှမ်းမြောက် #နမ့်ခမ်း #စစ်ကောင်စီတပ်စခန်းနှစ်ခု #TNLAသိမ်းပိုက် #စစ်ကူစစ်ယာဉ်တန်းလေးစီး #ကြားဖြတ်တိုက်ခိုက် #Ayeyearwaddy_Times