ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဂါဇာဒေသရှိ အရပ်သားတွေအတွက် လူသား ချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတဲ့ အမေရိကန်ရဲ့ရပ်တည်ချက်ကို ထုတ်ဖော်ပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဟာ ဟားမာစ်အဖွဲ့ကိုသာ အကျိုးဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။

အန်တိုနီဘလင်ကန်ဟာ အစ္စရေးနိုင်ငံသို့ သွားရောက်ပြီးနောက် စနေနေ့က ဂျော်ဒန်နိုင်ငံမှာ အီဂျစ်၊ ဆော်ဒီအာရေးဘီးယားနဲ့ ကာတာအပါအဝင် အာရပ်နိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီးမှာ အန်တိုနီဘလင်ကန်က ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး အိုင်မန်းဆာဖာဒီ၊ အီဂျစ် နိုင်ငံ ခြားရေးဝန်ကြီး ဆမ်မီရှိုကရီတို့နဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးနဲ့ အခြားဒေသများသို့ တိုက်ပွဲမပျံ့နှံ့ရေးနည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ အန်တိုနီဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။

အရပ်သားတွေကို ကာကွယ်ပေးဖို့ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ လိုအပ်တယ်လို့ ဆာဖာဒီနဲ့ ဆမ်မီတို့က ပြောပါတယ်။ အစ္စရေးနိုင်ငံရဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို အမေရိကန်နိုင်ငံက ထောက်ခံကြောင်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

သူက အာရပ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သဘောထားမတူညီဘဲ အပစ်အခတ်ရပ်စဲရေးဟာ ဟားမာစ်အ ဖွဲ့ကိုသာ အကျိုးဖြစ်ထွန်းစေမယ်လို့ ဆိုပါတယ်။

သူက ဂါဇာဒေသရှိ အရပ်သားတွေရဲ့ ဘေးဒုက္ခနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း၊ အရပ်သားတွေကို အ ကူအညီ ပေးအပ်နိုင်ဖို့နဲ့ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အစ္စရေး ကို ဖျောင်းဖျဖို့ ကြိုးစားလိုတဲ့ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ကိုးကား – NHK
Ref; Blinken: Ceasefire would only benefit Hamas

#Ayeyarwaddy_Times