
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်
စစ်ကိုင်းတ်ိုင်း၊ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာကို ရိက္ခာလာပို့တဲ့စစ်ကောင်စီ နဲ့ ချိုမိုင်မိုင်ပူးပေါင်းတပ်ဖွဲ့တ်ို့ ဇူလိုင်လ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့်စစ်ဘေးရှောင် အမျိုးသမီး ကျည်ထိမှန်သေဆုံးခဲ့တယ် လို့ ချိုမိုင်မိုင် တပ်ဖွဲ့ထံက သိရပါတယ်။
“စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့အမျိုးသမီးဟာ ယင်းမာပင်မြို့နယ်၊ ကွေ့ချောင်းကျေးရွာကဒေါ်ခင်သိန်းမြင့် ဖြစ်ပြီး အသက် ၅၀ ဝန်း ကျင် လောက်ရှိတယ်။စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင်နေစဥ်မှာပဲ ကျည်ထိမှန် သေဆုံးသွားခဲ့တယ်” လို့ ချိုမိုင်မိုင်တပ်ဖွဲ့ဝင်တဦးကဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။
ထို့ပြင် စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတပ်ဖွဲ့တို့အကြား ၃ ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အများအပြားထိခိုက် သေဆုံးခဲ့တယ်လို့ ချိုမိုင်မိုင်တပ်ဖွဲ့ဝင်တဦးက ဆက်လက်ပြောပါတယ်။
အဲဒီတိုက်ပွဲကို ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစု၊ YMB Local PDF၊ မြောက်ယမား PDF၊ ၊Chindwin Galone Yarzar Guerrilla Defence Force၊သေမင်းတမန်အဖွဲ့၊ Alpha Special Force၊TOF Monywa တို့က ပူးပေါင်းတိုက်ခိုက်တာဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်က သေဆုံးမှုများပြာခဲ့သလို PDF ဘက်ကလည်း တဦး ကျဆုံးခဲ့ပြီး လက်ရှိအချ်ိန်တွင် စစ်ဘေးရှောင်ပြည်သူတွေကို ဘေးလွတ်ရာသို့ ဒေသ ကားကွယ်ရေးတပ်ဖွဲ့ဝင်များက ရွှေ့ပြောင်းပေးနေတယ် လို့ ယင်းမာပင် ဒေသခံတွေထံကသိရပါတယ်။