ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာလ ၄ ရက်

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနှစ်နှစ်‌ကျော်အတွင်းတွင် ချင်းကာကွယ်‌ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ မှ တပ်ဖွဲ့ဝင်စုစုပေါင်း ခြောက်ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ပြီး တပ်ဖွဲ့ဝင် ငါးဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင် ငါးဦးသည် ဒဏ်ရာအခြေအနေအရ တပ်ရင်း-၂ တွင် တာဝန်ဆက်လက်မထမ်းဆောင်နိုင်တော့ကြောင်းသိရပြီး တိုက်ပွဲကာလတွင် ဒဏ်ရာအနည်းငယ်ရရှိသော တပ်ဖွဲ့ဝင်များသည် မြေပြင်တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်းတပ်ရင်းတာဝန်ခံထံမှ သိရသည်။

“တပ်ရင်း-၂ ဘက်မှာ တိုက်ပွဲအရမ်းများတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားတဲ့ ရဲဘော်တွေရရှိသလို ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ရဲဘော်တွေလည်းရှိတယ်။ တပ်ရင်းအတွက် အခက်ခဲဆုံးကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်တွေကို တပ်ရင်းကနေ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး” ဟု တပ်ရင်း-၂ ၊ တပ်ရင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

တပ်ရင်း-၂ နယ်မြေရှိ ကျေးရွာပေါင်း ရှစ်ရွာမှ ဒေသခံအားလုံးလွတ်မြောက်နယ်မြေဘက်သို့ စစ်ဘေးရှောင်နေရသည့်အတွက် လက်ရှိတပ်ရင်း-၂ တွင် စားနပ်ရိက္ခာလိုအပ်ချက်အပါအဝင် လက်နက်ခဲယမ်းလိုအပ်ချက်များကြုံတွေ့နေရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ သည် စစ်ရေးအရအလွန်အရေးပါသော ဟားခါး-မတူပီလမ်း၊ ခရိုင်ရုံးအနီးတွင် အခြေချထားပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့သော တပ်ရင်းထဲတွင် ပါဝင်သည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် တပ်ရင်း-၂ အတွက် အလွန်လိုအပ်လျက်ရှိသော လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရေးအတွက် Future Hope Foundationမှ ဦးဆောင်၍ တပ်ရင်း-၂ အတွက် ရံပုံငွေရှာဖွေရေးကံစမ်းမဲအစီအစဉ်ကို ပြုလုပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ကံစမ်းမဲလက်မှတ်ကို ဝယ်ယူအားပေးကြရန် တပ်ရင်း-၂ တပ်ရင်းမှူးကလည်း မေတ္တာရပ်ခံထားကြောင်းသိရသည်။

ဓာတ်ပုံ-တပ်ရင်း၂ပုံရိပ်များ
#စစ်ကောင်စီ #တော်လှန်တိုက်ခိုက် #CDFမတူပီ #တပ်ရင်း၂ #Ayeyarwaddy_Times
Boost this p