
ဇွဲနိုင်/ဧရာဝတီတီုင်းမ်
(ရေဖြူ) ၊နိုဝင်ဘာလ ၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်းရှိ တာဝါတိုင် စခန်းကုန်းတစ်ခု ကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု များစွာရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် ခန့်အချိန်က ထားဝယ်ခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့များက လောင်းလုံးမြို့နယ် ၊ စမ်းလှမ်းကျေးရွာအနီးရှိ တာဝါတိုင် စခန်းကုန်းတစ်ခုကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“တိုက်ပွဲက တော့ ၃ နာရီလောက်ကြာတယ်။စခန်းကိုတော့မသိမ်းပိုက်နိုင်ခဲ့ဘူး။စခန်းအနီး ရောက်မှာ ကျည်ဆံ မလုံလောက်လို့ပြန်ဆုတ်ခွာလာခဲ့ရတယ်”ဟု တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ Dawei Defense Force(D.D.F)၊ Dawei Defense Team(D.D.T) နှင့် Guerrilla Dawei တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-တိုက်ပွဲအတွင်းတွေ့ရ သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#ထားဝယ်အခြေစိုက် #PDFပူးပေါင်းတပ်ဖွဲ့ #လောင်းလုံးတာဝါတိုင် #စခန်းကုန်း #စီးနင်းတိုက်ခိုက် #စစ်ကောင်စီတပ်သား #၂ဦးသေဆုံး
#Ayeyarwaddy_Times