ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် နို၀င်ဘာလ ၂ ရက်နေ့က စက်လှေနှစ်စီးပေါ်မှ ရိုဟင်ဂျာလူမျိုး ၁၆၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်းဒေသခံများထံမှ သိရှိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၁၆၇ ဦးတွင် အမျိုးသား ၈၀ ဦး၊ အမျိုးသမီး ၈၇ ဦးတို့ဖြစ်ပြီး ၁၈ နှစ်မပြည့်သေးသူအချို့ပါ၀င်ကာ စက်လှေနှင့်တင်ဆောင်လာသော မြန်မာလူမျိုး (၁၀) ဦးကိုလည်း စစ်ကောင်စီရေတပ်လှည့်ကင်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရှိရသည်။

“စက်လှေနဲ့လာကြတာ ရေတပ်သင်္ဘောကမိလာတာ။အကုန်လုံးကို ငပုတောမြို့က ရေသန့်စက်ရုံထဲမှာပဲထားတယ်။ ကလေးတွေလဲပါတယ် လ၀ကနဲ့ရဲတွေကစစ်ဆေးနေကြတုန်းပဲ”လို့ ငပုတောမြို့ ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများကို ကျန်းမာရေးစစ်ဆေးရာအမျိုးသား ၃ ဦး ၊အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရသောကြောင့် သီးသန့်ခွဲပြီး ကုသမှုပေးနေရကြောင်း ငပုတောမြို့နယ်ကျန်းမာရေး၀န်ထမ်းတစ်ဦးထံမှသိရှိရသည်။

လက်ရှိဖမ်းဆီးခံထားရသူများသည် ပွဲစားရဲ့ချိတ်ဆက်ပေးမှုနဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတောဘက်က ဒုက္ခသည်စခန်းများမှ မလေးရှားနိုင်ငံကိုအလုပ်လုပ်ရန် စက်လှေနှင့်ထွက်လာချိန်တွင် ခုလိုဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

ဧရာ၀တီတိုင်းတွင်၂၀၂၃ ခုနှစ်၊ ၆လအတွင်း ရိုဟင်ဂျာ ၄၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး.သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးထောင်ချထားတဲ့ရိုဟင်ဂျာ ၃၀၀ ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ကြောင်းသိရှိရသည်။

#ဟိုင်းကြီးမြို့ #ရိုဟင်ဂျာ #ဖမ်းဆီးခံရ #Ayeyarwaddy_Times