ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်]

ပြီးခဲ့တဲ့တစ်ပတ်က တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော USS Ronald Reagan က စင်ကာပူ၌ဆိုက်ကပ်ထားစဉ် တရုတ်နိုင်ငံက ပါရာဆယ်ကျွန်းစုအနီးမှာ ငါး ရက်ကြာ ရေတပ်ဆိုင်ရာလေ့ကျင့်မှုတစ်ခု ပြလုပ်ခဲ့ပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကို ဒီလအတွင်း ဗီယက်နမ်နိုင်ငံသို့ လာရောက်ဖို့ စီစဉ်ထားပေမယ့် ဒီခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ ဗီယက်နမ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အမေရိကန် လေယာဉ်တင်သင်္ဘော USS Ronald Reagan ကို ဇူလိုင်လ ၁၃ ရက်မှာ တောင်တရုတ်ပင် လယ်အတွင်း ပထမဆုံးအကြိမ် ဖြန့်ကြက်ခဲ့ပြီး ပဲ့ထိန်းဖျက်သင်္ဘော USS Benfold နဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။

အမေရိကန်စစ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းမောင်းနှင်စဉ် တရုတ်နိုင်ငံက ဟိုင် နန်ကျွန်းစုအရှေ့ဘက် ပါရာဆယ်ကျွန်းစုအနီး ကီလိုမီတာ ၁၀၀၀၀၀ ကျယ်တဲ့ ဧရိယာတစ်ခုမှာ ဇူလိုင်လ ၁၆ ရက် မှ ၂၀ ရက်အထိ ပမာဏကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဟိုင်နန်ကျွန်းနဲ့နီးကပ်တဲ့ တောင်တရုတ်ပင်လယ်အတွင်းက နေရာတစ်ခုမှာ ဒုတိယမြောက် စစ်ရေးလေ့ ကျင့်မှုတစ်ခု ဆက်လက်ပြုလုပ်မယ်လို့ ဟိုင်နန်ကျွန်း ရေကြောင်းစီမံခန့်ခွဲရေးအဖွဲ့က ဇူလိုင်လ ၂၀ ရက်မှာ ရေ ကြောင်းသတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနယ်မြေများအတွင်း အမေရိကန်ရေ တပ်ရဲ့ လှုပ်ရှားမှုတွေကို လက်တုံ့ပြန်မှုအနေနဲ့ တရုတ်နိုင်ငံက မကြာခဏဆိုသလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ် လေ့ရှိပါတယ်။

ဘရူနိုင်း၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က တောင်တရုတ်ပင်လယ်အတွင်း နယ် မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်နေပါတယ်။

ကိုးကား – RFA
Ref; China holds new naval drills as US carrier transits South China Sea