ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၂၂ ရက် အစောပိုင်းမှာ အစိုးရပိုင်မြေပေါ်မှာဖွင့်ထားတဲ့ သပိတ်စခန်းတစ်ခုကို စီးနင်းကာ ရှင်းလင်းလိုက်ရာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ရာနေးလ်က ဆန္ဒပြသူ တွေအပေါ် ဖြိုခွင်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာပါတယ်။

အကြမ်းဖက်ဖြိုခွင်းရေးဝတ်စုံတွေ ဝတ်ဆင်ပြီး ချေမှုန်းရေးရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တိုင်းပြည်ရဲ့ စီးပွားရေးပြိုလဲမှုနဲ့ လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ဆန္ဒပြ သူတွေ ဧပြီလအတွင်း တည်ဆောက်ခဲ့တဲ့ သပိတ်စခန်းတစ်ခုကို ဖြိုချခဲ့ပါတယ်။

ဆယ်စုနှစ်ခုနှစ်ခုအတွင်း သီရိလင်္ကာနိုင်ငံရဲ့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကြောင့် လူထုဆန္ဒ ပြပွဲတွေဖြစ်ပွားလာလို့ ပြီးခဲ့တဲ့အပတ်က စင်ကာပူကို ထွက်ပြေးသွားခဲ့တဲ့ ဂိုတာဘာယာရဲ့နေရာကိုဆက်ခံဖို့ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ခြောက်ကြိမ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ရာနေးလ်က ဇူလိုင်လ ၂၁ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေ လက်ထဲကနေ သမ္မတအတွင်းဝန်ရုံးကို ပြန်လည်ရယူဖို့ မနေ့ကအစောပိုင်းမှာ စစ်တပ်၊ ရဲနဲ့ ရဲအထူးတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပါတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နာလင်း သော်ဒူဝါက ပြောပါတယ်။

အာရုဏ်ဦးစီးနင်းမှုအတွင်း ဆန္ဒပြသူကိုးဦးကို ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုလံဘိုတရားရုံးက အာ မခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သမ္မတ ဝီနေးလ်က နိုင်ငံ့အကြီးအကဲတစ်ဦးအနေနဲ့ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့လို့ အ ကြမ်းဖက်ဖြိုခွင်းလာမှာကို ဆန္ဒပြသူတွေက စိုးရိမ်နေပါတယ်။ သီရိလင်္ကာပြည်သူအများစုက သမ္မတ ရာနေးလ် ကို ဂိုတာဘာယာရဲ့ မဟာမိတ်တစ်ဦးအဖြစ် သတ်မှတ်ပြီး လက်ခံကြခြင်းမရှိပေ။

သီရိလင်္ကာအစိုးရကို စိတ်ရှည်သည်းခံဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးနဲ့ အနောက်နိုင်ငံသံတမန်တွေ က တိုက်တွန်းခဲ့ပြီး အင်အားသုံးဖြေရှင်းမှုကို တိုင်းပြည်ကို ထပ်မံ မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

ကိုးကား – Reuters
Ref; Sri Lankan security forces raid protest camp as new leaders sworn in