ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး ဖြစ်တဲ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ) မှာ တရားစွဲဆိုမှုအပေါ် စစ် ကောင်စီရဲ့ ကနဦးကန့်ကွက်ချက်တွေကို အိုင်စီဂျေက ပယ်ချလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုဆိုလိုက်ပါ တယ်။

အိုင်စီဂျေက စစ်ကောင်စီရဲ့ ကနဉီးကန့်ကွက်ချက်တွေကို ပယ်ချပြီး အမှုကို ဆက်လက်ကြားနာဖို့ ဆုံး ဖြတ်လိုက်တာကြောင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တရားမျှ တမှုရရှိရေး ဆက်လက်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းအတွက် အဖြေတစ်ခုရှာရာမှာ နိုင်ငံတကာ တရားမျှတမှုနဲ့ တာဝန်ခံမှုက အ ရေးပါပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့အတွက် ယုံကြည်မှုတည်ဆောက်ဖို့ သက်သေပြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒေသတွင်းမှာ နက်ရှိုင်းရှုပ်ထွေးတဲ့ အကျပ်အတည်းတစ်ခုဖြစ်စေတဲ့ ပြဿနာတစ်ခုဖြေရှင်းမှုအဖြစ် မြန် မာနိုင်ငံသို့ အနှိပ်စက်ခံ ရိုဟင်ဂျာတွေပြန်လာဖို့ နိုင်ငံတကာတရားမျှတမှုက အရေးကြီးတယ်ဆိုတာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ယုံကြည်တယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီက ဂမ်ဘီယာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အိုင်စီဂျေမှာ တရားစွဲဆိုခွင့် မရှိဘူးလို့ ငြင်းဆန်ကန့်ကွက်ထားပါတယ်။ အိုင်စီဂျေက ဂမ်ဘီယာနိုင်ငံရဲ့ ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံအပေါ် တရား စွဲဆိုမှုကို ဆက်လက်ကြားနာမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် အမှုက နှစ်နဲ့ချီ ကြာမြင့်လာတော့မှာဖြစ်ပါတယ်။

မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်အ တွင်း အကြမ်းဖက်နှိမ်နင်းမှုကြောင့် ခန့်မှန်းချေ ရိုဟင်ဂျာ ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ ရအတွက် ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ မြန်မာကို အိုင်စီဂျေမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်း ခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရတယ်လို့ ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Bangladesh welcomes International Court of Justice’s ruling to proceed with Rohingya genocide case