ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် PDF များက ၀င်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းအတွင်းရှိ နိုင်ကျဥ်းနှင့် မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေး လိုက်ကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၃ ရက် နံနက် ၄ နာရီအချိန်ခန့်ကစတင်ပြီး ကောလင်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ က သိမ်းပိုက်နိုင်ခဲ့ပြီး မတရားဖမ်းဆီးခံထားရသူများ ကို ယခုကဲ့သို့ လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“အစောပိုင်းကတည်းက ဂျက်တွေကဝဲနေတာ။ မနက် ၈ နာရီလောက်မှာစပြီး မြို့ထဲကို စပစ်တာ။ ကာကွယ် ရေးအဖွဲ့တွေ့က မပြေးဘဲ တောင့်ခံပြီး၀င်သိမ်းတာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြော သည်။

ယနေ့ နံနက်ပိုင်းတွင် ကောလင်းမြို့မရဲစခန်း၊ ကောလင်းမြို့လယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်ကောင်စီတပ်စွဲထားသည့် အထကကျောင်းနှင့် စီး ပွားရေးဘဏ်တို့ကို ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းပြီး ၀င်ရောက်စီးနင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများကို ကောလင်းပကဖနှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ရှောင် နေရာများ စီစဥ်ပေးနေပြီး ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများရှိပါက ဆက်သွယ်အကြောင်းကြားနိုင်ရန် Kawlin Revolution KR page ကို ဆက်သွယ်နိုင် ကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ စစ်ကိုင်း၊ မကွေးစသည့် ဒေသများတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို နေရာအနှံ့တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကလေးမြို့နယ်တွင် တပ်စခန်း ခြောက် ခုနှင့်အထက် သိမ်း ပိုက်နိုင်ခဲ့ပြီး ဂန့်ဂေါနှင့် ချပ်သင်းနယ်တို့တွင် ရဲစခန်း များကို သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပုံစာ-ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမီးလောင်နေပုံ
#စစ်ကိုင်း #ကောလင်း #မြို့မရဲစခန်း #PDF #နိုင်ကျဉ်း #မတရားဖမ်းဆီးခံသူများ
#Ayeyarwaddy_Times