ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၃ ရက်

စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တို့တွင် KIA နှင့် PDF တပ်ဖွဲ့၀င်များ လက်နက်နှင့်တကွအလင်း၀င်ရောက် လာကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာများမှ ဝါဒဖြန့်မှုများ ပြုလုပ်နေသော်လည်း အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ မသိကြောင်း KIA တာဝန်ရှိသူက ပြောကြားသည်။

နို၀င်ဘာ ၂ ရက်နေ့က စစ်ကောင်စီထံ KIA တပ်ဖွဲ့၀င် များနှင့် PDF စုစုပေါင်း ၁၂ ဦး လက်နက်များနှင့်အတူ လာရောက်အလင်း၀င် ပူးပေါင်းခဲ့ခြင်းကြောင့် စစ်ကောင် စီက ထောက်ပံ့ချီးမြှင့်ငွေကျပ် ၁၆၅ သိန်း ပေးအပ်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ လက်နက်များနှင့် အလင်း၀င်ရောက်သည့် ဝါဒဖြန့်သတင်းကို KIA မှ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဧရာ၀တီတိုင်းမ်က ဆက်သွဘ်မေးမြန်းရာတွင် “အဲဒီသတင်းကို မကြားဘူး။ အဲဒီဟာတွေက ဘယ် တုန်းက ဘယ်အချိန်က ဓာတ်ပုံတွေလည်းမသိဘူး။ အဲဒီသတင်းရှိလည်းမရှိဘူး”ဟု ပြတ်ပြတ်သားသား ငြင်းဆိုသည်။

ကချင်ပြည်နယ်နှင့်ရှမ်းမြောက် ရှေ့တန်းစစ်ဆင်ရေးများတွင် အထိနာသေဆုံးမှုများနေသည့် စစ်ကောင်စီ တပ်သားနှင့် ပြည်သူ့စစ်အဖွဲ့၀င်များက ကာကွယ်ရေး တပ်ဖွဲ့များထံ လက်နက်ချ ပေါင်းမှုများပြုလုပ်နေသည်ကို သတင်းဖုံးထားပြီး ယခုကဲ့သို့ သတင်းမှားများကို စစ်ကောင်စီပိုင် ရုပ်သံများတွင် ဝါဒဖြန့် ဖော်ပြနေခြင်းဖြစ်သည်။

စစ်ကောင်စီထံ KIA နှင့် PDF ၁၂ ဦးက AK 47 လေးလက်၊ KO လက်နက်ငယ်နှစ်လက်၊ AK-47 ၄၀ တွဲ တစ် လက်၊ M79 နှစ်လက်၊ စနိုက်ဘာတစ်လက်နှင့် ၅.၅၆ ကျည် ၄၅၀တောင့် ၊ ၇.၆၂ စနိုက်ဘာကျည် ၁၅၀တောင့် ၊ ၄၀ မမ ဗုံး သီး ၂၉ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆ လုံး၊ ကျည်အိမ် မျိုးစုံ ၂၇ ခုနှင့် အလင်း၀င်ရောက်လာခြင်းကြောင့် ၎င်းတို့ကို ထောက်ပံ့ငွေနှင့် မိဘနေအိမ်များသို့ ပြန်လည်အပ်နှင်းခဲ့သည်ဟု စစ်ကောင်စီက ဖော်ပြထားသည်။

#KIA #PDF #စစ်ကောင်စီ #အလင်း၀င် #ဝါဒဖြန့် #မဟုတ်မှန်#ဗိုလ်မှူးကြီးနော်ဘူ
#Ayeyarwaddy_Times