
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုချက်တွေကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပယ်ချလိုက် ပါတယ်။ ဟားမာစ်အဖွဲ့နဲ့ ပဋိပက္ခစတင်ချိန်နောက်ပိုင်း ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးပြည်သူ ၁၄၀၀ ကျော်နဲ့ ပါလက်စတိုင်းပြည်သူ ၈၃၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာ ဟားမာစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် အစ္စရေးတပ်ဖွဲ့တွေက ဂါဇာဒေ သမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး နယ်စပ်ကိုဖြတ်ကျော်ကာ ခြေလျင်တပ်တွေ၊ တင့်ကားတွေနဲ့ သံ ချပ်ကာတပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ဂါဇာဒေသမှာ စစ်ဆင်ရေးအတွင်း ဒါဇင်နဲ့ချီတဲ့ ဟားမာစ်စစ်သွေးကြွတွေကို သုတ် သင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
“အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုမှုတွေဟာ အစ္စရေးနိုင်ငံအတွက် ဟားမာစ်အဖွဲ့ကို အညံ့ခံဖို့၊ အကြမ်းဖက် ဝါဒကို အရှုံးပေးဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုကို အညံ့ခံဖို့ တောင်းဆိုမှုတွေဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲဖို့ ဖြစ် လာမှာမဟုတ်ပါဘူး” လို့ နေတန်ယာဟုက ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေ မြေပြင်မှာရှိနေတာဟာ ဟားမာစ်အဖွဲ့ ခေါ်ဆောင်သွားခဲ့တဲ့ ဓားစာခံ ၂၀၀ ကျော် ပြန် လည်လွတ်မြောက်ရေးအတွက် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဟားမာစ်အဖွဲ့ကထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခုအတွင်း နေတန်ယာဟုက အစ္စရေးပြည်သူတွေကို မကာ ကွယ်နိုင်ဘူးလို့ ဓားစာခံ ၃ ဉီးက စွပ်စွဲနေပါတယ်။ ဓားစာခံတစ်ဉီးက အစ္စရေးနိုင်ငံအနေနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
ဟားမာစ်အဖွဲ့က ထိန်းသိမ်းထားတဲ့ အစ္စရေးစစ်သားတစ်ဉီးကို ကယ်တင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် က ကြေညာခဲ့ပါတယ်။
ဂျေရုဆလင်မြို့တော်မှာ ဟားမာစ်အဖွဲ့ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ အရေအတွက်အတိုင်း အိပ် ယာလိပ်တွေကို ပြည်သူ့ရင်ပြင်မှာ ထားရှိခဲ့ပြီး ဓားစာခံတွေ လွတ်မြောက်ဖို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို သ တင်းစကားပါးခဲ့ပါတယ်။
တူရကီနိုင်ငံရဲ့ ငွေကြေးမတည်မှုနဲ့ တည်ဆောက်ခဲ့တဲ့ ဆေးရုံတစ်ရုံ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုအ တွင်း ဆိုးရွားစွာ ပျက်စီးသွားခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန အာဏာပိုင်တွေက ပြောပါတယ်။
တူရကီသမ္မတက အစ္စရေးရဲ့လုပ်ရပ်ကို ပြစ်တင်ခဲ့ပြီး အစ္စရေးနိုင်ငံကလည်း တူရကီနိုင်ငံရှိ သံတမန်တွေ နေရပ်ပြန်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Netanyahu rejects calls for ceasefire in Gaza