
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ယူကရိန်းသို့ ပေးအပ်မယ်လို့ ကတိပြုထားတဲ့ F-16 ဂျက်တိုက်လေယာဉ်အားလုံးကို ရုရှား လေကြောင်း ရန်ကာကွယ်ရေးစနစ်တွေက ရက် ၂၀ အတွင်း ပစ်ချမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက နိုဝင်ဘာလ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလအတွင်း လေကြောင်းတိုက်ပွဲတွေမှာ ယူကရိန်းစစ်လေယာဉ် ၃၇ စင်းနဲ့ ATACMS ဒုံး ကျည် ၆ စင်း အပါအဝင် စုစုပေါင်း လေကြောင်းပစ်မှတ် ၁၄၀၀ ကို ပစ်ချနိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်မှာပြု လုပ်တဲ့ အစည်းအဝေးတစ်ခုမှာ သူက ပြောပါတယ်။
“ပြီးခဲ့တဲ့လအတွင်း ရုရှားက ပစ်ချခဲ့တဲ့ စစ်လေယာဉ် ၃၇ စင်းဟာ ယူကရိန်းနိုင်ငံကို ပေးအပ်ဖို့ ကတိပြု ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေရဲ့ နှစ်ဆနီးပါးရှိတယ်လို့ ကျွန်တော် အလေးထားပြောလိုပါတယ်” လို့ သူ က ဆိုပါတယ်။
ယူကရိန်းမှာ အရန်အင်အားတွေ ကုန်ဆုံးပြီဖြစ်ကြောင်း၊ ယူကရိန်းစစ်သည်တွေဟာ စိတ်ဓာတ်ကျဆင်း နေပြီး နေတိုးအဖွဲ့က စစ်လက်နက်သစ်တွေ ထောက်ပံ့လင့်ကစား ယူကရိန်းစစ်တပ်က ခွာစစ်ဆင်နေတယ်လို့ သူ က ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ခွင့်ပြုချက်ကြောင့် အနောက်နိုင်ငံအများအပြားက ယူကရိန်းသို့ F-16 ဂျက်တိုက်လေ ယာဉ်တွေ လွှဲပြောင်းပေးဖို့ သဘောတူခဲ့တယ်လို့ ဩဂုတ်လအတွင်း ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံသို့ သွားရောက် တဲ့ ခရီးစဉ်တစ်ခုမှာ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
အဆိုပါသဘောတူညီချက်အရ ယူကရိန်းနိုင်ငံဟာ ဒိန်းမတ်နဲ့ နယ်သာလန်ထံမှ F-16 ဂျက်တိုက်လေ ယာဉ်တွေ ရှရှိမှာဖြစ်ပါတယ်။
ကိုးကား – Anadolu
Ref; Russia says it will shoot down all F-16 fighter jets promised to Ukraine in 20 days