
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ကာလလာရောက် အပန်းဖြေရာမှ ကမ်းခြေတွင်ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေသူအမျိုးသားနှစ်ဦးတွင် တစ်ဦး၏ရုပ်အလောင်းကို အောက်တိုဘာ ၃၁ ရက်နေ့ကပြန်လည်တွေ့ ရှိကြောင်းဒေသခံများထံမှသိရှိရသည်။
ပင်လယ်ထဲဆင်းရေကူးရာမှ လှိုင်းနှင့်အတူပါသွားပြီး ပျောက်ဆုံးခဲ့သည့် အမျိုးသား ၂ ဦးမှာ ၂ ဦးစလုံး သေဆုံးနိုင်ကြောင်း ဒေသခံများမှ ခန့်မှန်း ပြောဆိုသည်။
“ချောင်းသာကမ်းခြေက ACE ဟိုတယ်ကမ်းစပ်မှာ တစ်လောင်းလာတင်နေတာ။ ၂၈ ရက်နေ့က ရေနစ်သွားတဲ့ ကောင်လေးအလောင်းလို့ သိရတယ် ဒီနေ့ထိ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြန်လည်တွေ့ရှိသူမှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း ချောင်းသာကမ်းခြေတွင် ရေနစ်ပျောက်ဆုံးသွားသော ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃၃၆)၊ (၈)လမ်း၊ (၁၁)ရပ်ကွက်နေ YIU ပထမနှစ်ကျောင်းသားအသက်(၂၁)အရွယ်
မောင်ကြယ်စင်ခန့်ဆိုသူ၏ ရုပ်အလောင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညနေပိုင်းတွင်ရေနစ်ပျောက်ဆုံးခဲ့သော အသက်၂၈ နှစ်အရွယ်ကိုအောင်မျိုးသူကို ၆ ရက်ကြာသည်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်းဒေသခံကယ်ဆယ်ရေးအဖွဲ့များထံမှသိရှိရသည်။
သီတင်းကျွတ်ကာလအတွင်း လာရောက်လည်ပတ်သူများ သောကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရေနစ်ရာမှ အချိန်မှီ ကယ်တင် နိုင်ခဲ့သူ ၅ဦးထိ ရှိနေပြီး လက်ရှိ ပျောက်ဆုံးနေသူကိုလည်း ပင်လယ်အတွင်းရှာဖွေပေးလျက်ရှိကြောင်းသိရှိရသည်။
ချောင်းသာကမ်းခြေသို့ သိီတင်းကျွတ်ကာလ အတွင်း အနယ်အရပ်ရပ်မှလာရောက်လည်ပတ်သူများ ပြားလာသောကြောင့် ယာဥ်မတော်မဆ ဖြစ်မှုနှင့် ကမ်းခြေတွင် ရေနစ်ခြင်းများဖြစ်ပေါ်နိုင်တာကြောင့် သတိထားကြရန် ဒေသခံလူမှုကူညီရေးအဖွဲ့များမှ အသိပေးပြောဆိုသော်လည်း လိုက်နာမှုအားနည်းသောကြောင့် ယခုလို ဖြစ်စဥ်မျိုးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
#ချောင်းသာကမ်းခြေ #ရေနစ်သေဆုံး #အမျိုးသားနှစ်ဦး #Ayeyarwaddy_Times