ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

အင်ဒိုနီးရှားနိုင်ငံက အားလုံးပါဝင်သော ဆွေးနွေးပွဲတွေကျင်းပဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ပြောကြားခဲ့ ပေမယ့် မြန်မာနိုင်ငံက ဆွေးနွေးပွဲကို ကျင်းပနိုင်မယ့်ပုံမပေါ်ဘူးလို့ အာဆီယံဉက္ကဌ အင်ဒိုနီးရှားက ဝန်ခံလိုက်ပါ တယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အကျပ်အတည်းမှာ ပါဝင်နေတဲ့ မတူညီသော အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။

ဇန်နဝါရီလအတွင်း အာဆီယံဉက္ကဌ တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေနဲ့ ထိတွေ့ ဆက်ဆံမှု အကြိမ်ရေ ၁၈၀ ကျော် ပြုလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောကြားခဲ့ပါတယ်။

ဒီလို ထိတွေ့ဆက်ဆံမှုတွေဟာ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုတစ်ခု ကျင်းပနိုင်ရေး ရည်ရွယ်ပါ တယ်။ NUG နဲ့ စစ်ကောင်စီ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပုံစံမျိုးစုံနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။

သက်ဆိုင်သူအချို့ကို အွန်လိုင်းမှတွေ့ဆုံကာ တစ်ချို့ကို လူကိုယ်တိုင် တွေ့ဆုံခဲ့ပြီး တစ်ချို့ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ကာ မြန်မာနိုင်ငံက အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ဖွယ်မရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံ က ဆိုပါတယ်။

“ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲ တွေ့ဆုံလိုပါသလားလို့ NUG နဲ့ SAC ကို ကျွန်မ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်လို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကိုမှ မကြားခဲ့ရပါဘူး။ တွေ့ဆုံဆွေးနွေးဖို့ တံခါးပိတ်ထားတယ်လို့ ဆိုလို တာမဟုတ်ဘူး” လို့ ယနေ့ ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အာဆီယံမီဒီယာဖိုရမ်မှာ ရတ်နိုမာဆူဒီက ပြောပါ တယ်။

မကြာမီ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကျင်းပဖို့ သဘောတူညီမှု ရ မရ မသေချာပေမယ့် သေ ချာတာတစ်ခုကတော့ အဆိုပါတွေ့ဆုံမှု ကျင်းပနိုင်ရေး လိုအပ်တဲ့လုပ်ငန်းစဉ်ကို ဆုပ်ကိုင်သင့်တယ်လို့ သူက ဆိုပါ တယ်။

လာအိုနိုင်ငံက ၂၀၂၄ ခုနှစ် အာဆီယံ အလှည့်ကျဉက္ကဌ မဖြစ်လာမီ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဉက္ကဌ သက်တမ်း ၂ လ ကျန်ရှိပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုမိုပြုလုပ်ဖို့ စီစဉ်နေပါတယ်။

သက်ဆိုင်သူတွေကို တစ်ဉီးချင်း ထိတွေ့ဆက်ဆံတာ ယုံကြည်မှု တည်ဆောက်ဖို့ဖြစ်တယ်လို့ ရတ်နိုမာဆူ ဒီက ပြောပါတယ်။ “ယုံကြည်မှုမရှိရင် တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

မြန်မာ့အရေးကို အာဆီယံအလှည့်ကျဉက္ကဌနိုင်ငံတွေက စုပေါင်းဖြေရှင်းမယ့် Troika လုပ်ငန်းစဉ်ကို အာ ဆီယံနိုင်ငံတွေက စက်တင်ဘာလအတွင်း သဘောတူခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနဲ့ စစ်တပ်လိုလားတဲ့အုပ်စုတွေ ရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနဲ့ အရပ်သားတွေ အပါအဝင် ပြည်သူ ၄၁၆၂ ဉီး သေဆုံးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

ကိုးကား – Jakarta Globe
Ref; Indonesia Doubts Myanmar is Close to Inclusive National Dialogue

#Ayeyarwaddy_Times