ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ရှမ်းပြည်နောက်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေပြင်းထန်နေခြင်းမှာ လူမျိုးအခြင်းခြင်း ပြဿနာ ကြောင့်သာဖြစ်တယ်လို့ နိုင်ငံအာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ခုလိုမျိုး တိုက်ပွဲများပြင်းထန်နေခြင်းသည် လူမျိုးစုကြား ပြဿနာများကြောင့် ဖြစ်ပြီး တရုတ်နှင့် မြန်မာနိုင်ငံအကြား ရန်တိုက်ပေးခြင်းသည့် ရည်ရွယ်ချက်ကြောင့်သာဖြစ်သည်ဟု ဆိုသည်။

“ ဆယ်စုနှစ်နဲ့ချီပြီး လက်စားချေတဲ့ပြဿနာတွေသာ ဖြစ်တယ်၊ ဒါဟာ ရှေ့မှာဖြစ်ခဲ့တဲ့ အရေးအခင်းပြဿနာတွေသာဖြစ်တယ်၊ ဒီပြဿနာကို ဒီအချိန်မှာ အကြောင်းပြချက် ကောင်းကောင်းနဲ့ လုပ်ဆောင်နေတာသာဖြစ်တယ်”ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ဝင်ဘာလ ၁ ရက်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း အသုံးပြုသည့် ဒရုန်းဗုံးများတွင် တရုတ်နိုင်ငံမှ အထူးထုတ်လုပ်သည့်စာများအားတွေ့ရှိရခြင်းကြောင့် တရုတ်နှင့် မြန်မာ အစိုးရကြား၊ ပြည်သူများကြား အထင်မြင်လွဲမှားအောင် လုပ်နေခြင်း ဖြစ်ပြီး ကြိုတင်စီစဉ်ထားမှုများသာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်စခန်း စုစုပေါင်း ၈၀ ကျော် သိမ်းယူခံထားရပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို ညီနောင်မဟာမိတ် (၃)ဖွဲ့က သိမ်းယူထားနိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲများကို ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀၀ နီးပါး သေဆုံးခဲ့သလို စစ်ကောင်စီ၏ အမှတ် ၁၄၃ တပ်ရင်း တစ်ရင်းလုံး နိုဝင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ လက်နက်ချ အလင်းဝင်ခဲ့သည်။

#ကိုးကန့်ဒေသ #တိုက်ပွဲများ #ညီနောင်မဟာမိတ်သုံးဖွဲ့ #စစ်ကောင်စီတပ် #Ayeyarwaddy_Times