ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်သားများအား စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အစဉ်လာရှိသည့် တပ်မတော်ဖြစ်သည့် အတွက်ကြောင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ဖို့အတွက် နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းက တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်ရင်းအမှတ် ၁၄၃ တပ်ရင်းမှာ တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ လက်နက်ချ အညံခံ အလင်းဝင်ရောက်ပြီးနောက်ပိုင်း ခုလိုမျိုး ပြောဆို လာခဲ့ခြင်းဖြစ်သည်။

“၂၀၁၅ လောက်မှာ အဲ့ဒေသမှပဲ တိုက်ပွဲတွေဖြစ်ပွားခဲ့တော့ တပ်မတော်သားတွေ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ရတာတွေရှိပါတယ်၊ ခုလည်း တပ်မတော်သားများ တပ်မတော်မိသားစုဝင်များ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့အပေါ် နိုင်ငံတော်အကြီးကဲနဲ့တပ်မတော်အကြီးကဲအားလုံးက အသိမှတ်ပြုကြောင်း အလေးနက်ထားပြီးပြောချင်ပါတယ်”ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အစဉ်လာရှိခဲ့သည့် တပ်မတော်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်အချုပ်ခြားအာဏာနှင့် လွတ်လပ်ရေးအတွက် ဆက်လက်ထိန်းသိမ်းကာကွယ်ပေးသွားဖို့ စစ်ကောင်စီတပ်သားများအနေဖြင့် ရွှပ်ရွှပ်ချွံချွံ တိုက်ပွဲဝင်ပေးဖို့အတွက်လည်း ၎င်းကပြောဆိုထားသည်။

ရှမ်းမြောက်ဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ပြီး တိုက်ပွဲ‌တွေပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ တပ်စခန်း စုစုပေါင်း ၈၇ ခုထိသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အဓိကဦးဆောင်သည့် အော်ပရေးရှင်း ၁၀၂၇ ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ပြီး ၆ ရက်ကြာကာလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်အလင်းဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

ဒါ့ပြင် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်၏ အမှတ် ၁၄၃ တပ်ရင်းမှာ လူအင်အား ၄၁ ဦးနှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ လက်နက်ချ အလင်းဝင်ရောက်မှုများရှိခဲ့သည်။

#စစ်ကောင်စီတပ် #ဗိုလ်ချုပ်ဇော်မင်းထွန်း #အစဉ်အလာ #ရှမ်းမြောက် #ညီနောင်မဟာမိတ်သုံးဖွဲ့ #လက်နက်ချအညံခံ #အလင်းဝင်ရောက်