
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဆိုင်ရာ ရပ်တည်ချက်နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက မလေးရှားနိုင်ငံ အပေါ် ဖိအားပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဝန်ခံလိုက်ပါတယ်။
“အမေရိကန်အာဏာပိုင်တွေက ကုလသမဂ္ဂဆိုင်ရာ မလေးရှားသံတမန်ကို ဆင့်ခေါ်ပြီး ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို မေးမြန်းခဲ့ပါတယ်” လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။
“မလေးရှားသံအမတ်ကြီးက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခမှာ မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကို အ ခိုင်အမာ ပြောကြားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
မလေးရှားနိုင်ငံက ဟားမာစ်အဖွဲ့ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့နဲ့ အဆိုပါအဖွဲ့ကို အကြမ်းဖက်သမားတွေအ ဖြစ် သတ်မှတ်ဖို့ ငြင်းဆန်တာကြောင့် အခုလိုဖြစ်လာခဲ့တာလို့ သူက ပြောပါတယ်။
“ဂါဇာပဋိပက္ခမှာ ပါဝင်ဖို့ ကြားခံတစ်ခု အသုံးပြုခြင်းအားဖြင့် ပဋိပက္ခကို အခွင့်ကောင်းမယူရေး တိုင်း ပြည်တစ်ပြည်ကို တိုက်တွန်းရာမှာ သံတမန်နည်းလမ်းတွေ အသုံးပြုဖို့ မလေးရှားနိုင်ငံက တောင်းဆိုခဲ့တယ်ဆို တာ အောက်တိုဘာလ ၁၃ ရက်နဲ့ ၃၀ ရက်မှာ အမေရိကန်သံရုံးထံကနေ မလေးရှားနိုင်ငံက အကြံပြုချက်နှစ်ကြိမ် လက်ခံရရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
မလေးရှားနိုင်ငံက လူသားချင်းစာနာမှုကို ထည့်သွင်းစဉ်းစားဖို့ ရပ်တည်ချက်ကို ဆက်လက်ဆုပ်ကိုင်ပြီး အစ္စရေးနိုင်ငံရဲ့ ပါလက်စတိုင်းဒေသအား ဉပဒေနဲ့မညီညွတ်တဲ့ သိမ်းပိုက်မှုကို ရှုတ်ချမယ်လို့ အန်ဝါက ပြောပါ တယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချခဲ့ပေမယ့် အစ္စရေးက ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်တာ ကို အမေရိကန်လိုမျိုး တိုင်းပြည်တွေက ရှုတ်ချတာမပြုလုပ်ကြဘူးလို့ သူက ထောက်ပြပါတယ်။
ဂါဇာဒေသနဲ့ ပါလက်စတိုင်းပြည်သူတွေကို စာနာကြောင်းထုတ်ဖော်ပြောတဲ့အတွက် မလေးရှားနိုင်ငံဟာ အစ္စရေးလိုလားတဲ့တိုင်းပြည်တွေ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့အပတ်တွင်း ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်းထောက်ခံပွဲမှာ အန်ဝါက ပြောကြားခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; US tried to pressure Malaysia on Palestine-Israel conflict, says PM Anwar Ibrahim