ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်

တရုတ်နိုင်ငံက တာဝန်သိသိ ပြုမူဖို့နဲ့ တောင်တရုတ်ပင်လယ်အတွင်း ရန်လိုသော တရားမဝင် လုပ်ရပ် တွေ ရပ်တန့်ဖို့ ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းခဲ့ပြီး ဖိလစ်ပိုင်စစ်သင်္ဘောတစ်စင်း တရားမဝင် ဝင်ရောက်ခဲ့တယ်ဆို တာ မမှန်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင် စစ်သင်္ဘောတစ်စင်းဟာ ခွင့်ပြုချက်မရှိဘဲ တောင်တရုတ်ပင်လယ် စကားဘရော့ကျွန်းစုအနီး ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ခဲ့တာကြောင့် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ရတယ်လို့ တရုတ်စစ် တပ်က ပြောကြားခဲ့ပြီး တစ်ရပ်အကြာမှာ ဖိလစ်ပိုင်နိုင်ငံက အခုလို မှတ်ချက်ပြုတာပါ။

“ဒီသတင်းက မမှန်ပါဘူး။ တရားမဝင်ကျူးကျော်နေထိုင်သူက တရားဝင် အိမ်ရှင်ကို သူ့အိမ်ထဲဝင်ရောက် တာကို ပိတ်ပင်လို့မရပါဘူး” လို့ ဖိလစ်ပိုင်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မီဒဲလ်အဂွီလာက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ဖိလစ်ပိုင်နဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားပြီးနောက် အဆိုပါကျွန်းစုကို သိမ်းပိုက် ကာ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ငါးဖမ်းသင်္ဘောတွေ ဖြန့်ကြက်ထားပါတယ်။

ဖိလစ်ပိုင်ရဲ့ အထူးသီးသန့်စီးပွားရေးဇုံမှ ကီလိုမီတာ ၂၀၀ အကွာမှာတည်ရှိတဲ့ အဆိုပါကျွန်းစု ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နိုင်ငံက သည်ဟိဂ်မြို့တော်ရှိ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာတရားရုံးထံ တိုင်ကြားခဲ့ ပါတယ်။

တောင်တရုတ်ပင်လယ်တွင်းရှိ ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်ဆိုတဲ့ တရုတ်ရဲ့တောင်း ဆိုချက်က အပြည်ပြည်ဆိုင်ရာဉပဒေအရ အခြေအမြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပေမယ့် ထိုဆုံးဖြတ်ချက် ကို အသိအမှတ်ပြုဖို့ တရုတ်က ငြင်းဆန်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဖိလစ်ပိုင်စစ်သင်္ဘောကို ဉပဒေနဲ့အညီ စောင့်ကြည့်၊ သတိပေးကာ ပိတ်ဆို့ခဲ့တယ်လို့ တ ရုတ်စစ်တပ် တောင်ပိုင်းစစ်နယ်ဝန်း ပြောရေးဆိုခွင့်ရှိသူ တီယန်ကျန်လီက ပြောပါတယ်။

ပုံမှန်ကင်းလှည့်မှု ပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်စစ်သင်္ဘောက တရုတ်အချုပ်အချာအာဏာပိုင်နက်အတွင်းရှိ မည် သည့်နယ်မြေကိုမှ တရားမဝင် ဝင်ရောက်တာမရှိခဲ့ဘူးလို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အက် ကွာဒိုအေနိုက ပြောပါတယ်။

“တရုတ်နိုင်ငံက ဖြစ်စဉ်ကို ချဲ့ကားပြောဆိုနေပြီး နှစ်နိုင်ငံကြား မလိုလားအပ်တဲ့ တင်းမာမှုတွေ ဖန်တီး နေပါတယ်” လို့ သူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ပြီးခဲ့တဲ့လအတွင်း စကားဘရော့ကျွန်းစုအနီးရှိ တရုတ်နိုင်ငံရဲ့ ရေပေါ်အတားအဆီး တွေကို ဖယ်ရှားပစ်ခဲ့ပါသေးတယ်။

ကိုးကား – Reuters
Ref; Philippines denies trespassing claim, urges China not to stir tensions

#Ayeyarwaddy_Times