
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁ ရက်
စစ်ကောင်စီနှင့်ပူးပေါင်း၍ လက်နက်တင်သွင်းနေသူများနှင့် စစ်တပ်ကိုငွေကြေး ထောက်ပံ့နေသူ လူပုဂ္ဂိုလ် ငါး ဦးနှင့် IGE ကုမ္ပဏီတို့ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က စီးပွားရေးအရ ပိတ်ဆို့အရေးယူလိုက်ကြောင်း ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၃၁ ရက်နေ့က အမေရိကန်၊ ဗြိတိန်နှင့်မိတ်ဖက် နိုင်ငံများသည် စစ်ကောင်စီကို လက်နက်တင်သွင်းပြီး ငွေကြေးထောက်ပံ့နေသူများကို ကြေညာခဲ့ရာ ခရိုနီဦးတေဇ၏ သား နှစ်ဦးလည်း ပါ၀င်လာခြင်းဖြစ်သည်။
စစ်ကောင်စီကို ငွေကြေးသန်းနှင့်ချီထောက်ပံ့ကာ လက်နက်တင်သွင်းဖြန့်ဖြူးပေးနေ သည့် MOGE နှင့် လူပုဂ္ဂိုလ် ၅ ဦးကို စီးပွားရေးအရဒဏ်ခတ်ပိတ်ဆို့ ကြောင်း အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံက ကြေညာပြီးနောက် ဗြိတိန်(UK)နိုင်ငံကပါ ပူးပေါင်းပါ၀င် ပိတ်ဆို့ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။
စစ်တပ်၏ထောက်တိုင်ဖြစ်ပြီး ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံကို တင်သွင်းပေးနေ သည့် Dynasty International Procurement & Supply ၏ ဌာနမှူး မျိုးသစ္စာ၊ Htoo group of companies ဒါရိုက်တာ ထူးထက်တေဇ၊ Myanmar Avia Survices Yangon Aircraft Engineering Company Limited ထူးကုမ္ပဏီများအုပ်စု ပြည့်ဖြိုးတေဇ၊ Sky Aviator Company Limited ဒါရိုက်တာ ကျော်မင်းဦး၊ Yatanarpon Aviatior Services ဒါရိုက်တာ စစ်တိုင်းအောင် စသည့် လူပုဂ္ဂိုလ် ငါး ဦးကို စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူသည်ဟု ဖော်ပြပါရှိ သည်။
ထို့အပြင် စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့၀င်များအတွက် ရန်ပုံငွေများနှင့် အခြားစီး ပွားရေးရင်းမြစ်များတွင် ပံ့ပိုးထောက်ပံ့နေသည့် IGE ကုမ္ပဏီကိုလည်း အရေးယူ ပိတ်ဆို့ထားကြောင်း သိရသည်။
အလားတူ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများကို စစ်တပ်ကအာဏာသိမ်း ပြီး နောက်ပိုင်း လူပုဂ္ဂိုလ် ၂၆ ဦးနှင့် အဖွဲ့အစည်း ၂၉ ခုကို UK အစိုးရက ဒဏ်ခတ် ပိတ်ဆို့မှုများလုပ်ခဲ့ပြီး စစ်တပ်အနေဖြင့် တရား၀င် အစိုးရမဖြစ်စေရန် ၀င်ငွေနှင့် လက်နက်ရရှိနေမှုများကို ကန့်သတ်ရန်၊ နိုင်ငံတကာကကြိုးပမ်းနေမှုများတွင် ဆက်လက် ဦးဆောင်ပြီး လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
ပုံစာ- ခရိုနီဦးတေဇ၏သားနှစ်ဦးဖြစ်သည့်ပြည့်ဖြိုးတေဇနှင့်ထူးထက်တေဇ
#ခရိုနီဦးတေဇသားနှစ်ဦး #လူပုဂ္ဂိုလ်၅ ဦး #အဖွဲ့အစည်း၃ခု #ဗြိတိန်အမေရိကန်ကနေဒါ #ဒဏ်ခတ်ပိတ်ဆို့ #Ayeyarwaddy_Times