ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်

စခန်းပေါင်းများစွာသိမ်းခံရပြီးနောက်ပိုင်း အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က KIA အပေါ်ထားတဲ့ စိတ်ရှည် သည်းခံမှုကုန်ဆုံးသွားပြီလို့ပြောဆိုလာခဲ့သည်။

KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနား-ဗန်းမော် အဓိကဆက်သွယ် ရေးကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်နေသည့် ကန်တောင်ယန်လုံခြုံရေးအဖွဲ့ကို အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူ၍ ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီက တရား၀င်ထုတ် ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် KIA နှင့်ပူးပေါင်းအင်အားစုများ ကို ပြီးခဲ့သည့် အောက်တ်ုဘာ ၆ ရက်နေ့ကလည်း လဲလုံစခန်းကို ၀င်ရောက်တိုက်ခိုက်သဖြင့် အများပြည်သူသုံးအရေးကြီး ဆက်သွယ်ရေးလမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်းမပြုရန်နှင့် ပြုလုပ်လာပါက သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့် လျော်သည့်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု နှစ်ကြိမ်‌တိုင်သတိပေးခဲ့ရာ ယခု သည်းခံနိုင်စွမ်းကုန်ဆုံး သွားပြီဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီက ထာ၀ရငြိမ်းရေးကို ရှေ့ရှုကာ အကြိမ်ကြိမ်ကမ်းလှမ်း၍ တတ်နိုင်သမျှသည်းခံမှုပြုလုပ်ခဲ့သော်လည်း KIA က မြောက်ပိုင်းအဖွဲ့များ နှင့်အချိန်ကိုက် တိုက်ခိုက်မှုများပြုလုပ်လာသည့် အတွက် သင့်လျော်သည့် တုံ့ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရသည်ဟုဆိုသည်။

ယင်းသို့တိုက်ခိုက်ရာတွင် နယ်စပ်နှင့်နီးကပ်သည့်နေရာဖြစ်၍ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကန့်သတ်တုံ့ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုသည်။

ယင်းသို့ မထုတ်ပြန်မီကာလကတည်းက စစ်ကောင်စီ အနေဖြင့် ကချင်ပြည်နယ်ရှိ KIO ဌာနချုပ်အနီး လိုင်ဇာမြို့နှင့် အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညအချိန်ထိလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

“သူတို့(စကစ)ပြောတဲ့ အများပြည်သူသုံး ဆက်သွယ် ရေးဆိုတာထက် သူတို့တပ်စခန်းတွေ ထောက်ပို့လမ်း ကြောင်းတွေ တိုက်ခံရတော့ ခုလိုပြည်သူလို့သုံးတာပါ။ သူတို့တပ်စခန်းတွေကိုပဲ အဓိကထားတိုက်ခံရတော့ အထိနာပြီး ရမ်းကြဲနေတာဗုံးတွေ။ ခုလည်း လေယာဉ်နဲ့ လာကြဲနေတုန်းပဲ”ဟု ကချင်စစ်ရေး သတင်းရင်းမ်ြစက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် KIA က စစ် ကောင်စီတပ်စခန်း ကန်ဒေါင်ယန်ကို စီးနင်းတိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိနှင့် စစ်သည်များ ထိခိုက်သေဆုံးပြီး လက်နက်အမြောက် အများ ဆုံးရှုံးခဲ့ရသည်ကို စစ်ကောင်စီက ထုတ်ပြန် ထားသည်။

#စစ်ကောင်စီ #KIA #သည်းခံမှုကုန်ဆုံးဟုဆို #တုံ့ပြန်တိုက်ခိုက် #ထုတ်ပြန် #Ayeyarwaddy_Times