ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့အတွင်း ယာဥ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု၂၀ ကျော်အထိရှိကြောင်း သိရသည်။

အဆိုပါအမှုများအနက် ဆိုင်ကယ်တိုက်မှု၊ အရက်ဘီယာဆိုင်များတွင် ခိုက်ရန်ဖြစ်ပွား မှုမှာ အများဆုံးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

” ညဘက်ကို လူကလည်းရှုပ်တယ်။ ဆိုင်ကယ်တွေကလည်း ရှေ့နောက် မကြည့်ဘဲ မောင်းကြတာ မနေ့ကလည်း ဆိုင်ကယ်ချင်းတိုက်တယ်။ လူနာတင်ကားတော့ လာတင်သွားတယ်။ မြို့ပြင်မှာလည်း ဆိုင်ကယ်မှောက်တာတွေ ကြားရတယ်။ လပြည့်နေ့က လူနာတင်ကားတွေ အလုပ်ရှုပ်တဲ့ညပါ” ဟု မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အိမ်မဲမြို့နယ်၏ သီတင်းကျွတ်လပြည့်ညတွင် ဘုရားများ၌ လူနည်းသော်လည်း အရက် ဘီယာဆိုင်များတွင်မူ လူစည်ကာလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“လူငယ်တွေက ဘာသာရေး ရက်တွေကိုလေးစားရမှန်မသိတော့ဘူး။ အရက်ဆိုင်တွေဆို ဒီရက်ပိုင်း အရမ်းရောင်းနေရတယ်။ မူးရူးသောက်စားပြီး ရန်တွေဖြစ်ကြနဲ့ အများသူငါ စိတ်အနှောက်ယှက်ဖြစ်ရတယ်။ ရဲတွေလည်း တစ်ခေါက်ထွက်ရင် ၁ယောက် ၂ယောက် တော့ဖမ်းလာကြတာတွေ့တယ် “ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက သီတင်းကျွတ် ကာလအတွင်း လူ ၅ ဦးထက်ပိုမိုစုဝေးခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း မြို့အနီးပတ်ဝန်းကျင်တွင် လူစုလူဝေးဖြင့် အရက်သောက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ၂ရက်အတွင်း ယာဥ်တိုက်မှု နှင့် ခိုက်ရန်ဖြစ်ပွားမှု ၂၀ ကျော်အထိ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

#အိမ်မဲမြို့နယ် #သီတင်းကျွတ်လပြည့်နေ့ #ယာဥ်တိုက်မှု #ခိုက်ရန်ဖြစ်ပွားမှု #၂၀ကျော်ရှိ #Ayeyarwaddy_Times