ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ကာလ လာရောက်အပန်းဖြေရာမှ ကမ်းခြေတွင်ရေဆင်းကူးပြီး ရေနစ်ပျောက်ဆုံးနေသူ ၂ ဦးထိရှိလာကြောင်း​ ဒေသခံများထံမှသိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁ ဦးနှင့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ၁ ဦးပျောက်ဆုံးခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့ထိ ပြန်ရှာမတွေ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းသာကမ်းခြေက မနက်ဘူးဆိုပြီး ဆင်းဆော့ကြရင်းနဲ့ ရေဆွဲတဲ့အချိန် မှာ ပါသွားကြတာထင်တယ်။ ဒီနေ့ထိ ပျောက်ဆုံးနေတာ အမျိုးသား၂ဦးရှိလာပြီး ဒီနေ့ထိတော့မတွေ့သေးဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရေနစ်ပျောက်ဆုံးသူ ၂ ဦးမှာ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညနေပိုင်းတွင် အသက်၂၈နစ်အရွယ်
ကိုအောင်မျိုးသူ ရေနစ်ပျောက်ဆုံးခဲ့ပြီး ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲတွင် အသက်၂၁နှစ်အရွယ် မောင်ကြယ်စင်ခန့်ဆိုသူ ထပ်မံရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များထံမှသိရှိရသည်။

သီတင်းကျွတ်ကာလအတွင်း လာရောက်လည်ပတ်သူများသောကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရေနစ်ရာမှ အချိန်မှီ ကယ်တင် နိုင်ခဲ့သူ ၅ ဦးထိ ရှိနေပြီး လက်ရှိ ပျောက်ဆုံးနေသူများကိုလည်း ပင်လယ်အတွင်းရှာဖွေပေးလျက်ရှိကြောင်းသိရှိရသည်။

ချောင်းသာကမ်းခြေသို့ သိီတင်းကျွတ်ကာလ အတွင်း အနယ်အရပ်ရပ်မှလာရောက်လည်ပတ်သူများ ပြားလာသောကြောင့် ယာဥ်မတော်မဆ ဖြစ်မှုနှင့် ကမ်းခြေတွင် ရေနစ်ခြင်းများဖြစ်ပေါ်နိုင်တာကြောင့် သတိထားကြရန် ဒေသခံလူမှုကူညီရေးအဖွဲ့များမှ အသိပေးပြောဆိုသော်လည်း လိုက်နာမှုအားနည်းသောကြောင့် ယခုလို ဖြစ်စဥ်မျိုးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

#ချောင်းသာ #သီတင်းကျွတ် #ရေနစ်ပျောက်ဆုံး #အမျိုးသားနှစ်ဦး #Ayeyarwaddy_Times