
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့ ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာတာဟာ နျူကလီးယား အင်အားကြီး တိုင်းပြည်တွေကြား တိုက်ရိုက် စစ်ရေးထိပ်တိုက်တွေ့ဆုံမှုလို့ ယနေ့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာဖိုရမ်တစ်ခုမှာ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက အနောက်နိုင်ငံတွေကို သတိပေးလိုက် ပါတယ်။
“အနောက်နိုင်ငံတွေရဲ့ ရုရှားနဲ့ ပဋိပက္ခအရှိန်မြင့်စေတဲ့ ရပ်တည်ချက်ကြောင့် ကြောက်မတ်ဖွယ်ရာ အ ကျိုးဆက်တွေဖြစ်လာမယ့် နျူကလီးယားအင်အားကြီး တိုင်းပြည်တွေကြား တိုက်ရိုက် စစ်ရေးပဋိပက္ခတစ်ခု ဖြစ် လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
နေတိုးအဖွဲ့ဝင်တိုင်းပြည်တွေဟာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုပြုလုပ်ကာ စစ်ရေးအင်အားနဲ့ စစ်ရေး လေ့ကျင့်မှုတွေ တိုးမြှင့်နေတယ်လို့ သူက ဆိုပါတယ်။
ရုရှားနဲ့တရုတ်ကို ဟန့်တားမယ့် ဒုံးကျည်ပစ်ခတ်မှုတွေပြုလုပ်ဖို့ အမေရိကန်တပ်ဖွဲ့တွေက ဂျပန်၊ တောင် ကိုရီးယားနဲ့ သတင်းအချက်အလက်ဖလှယ်မှုတွေ အသုံးပြုမယ်လို့ သူက ပြောပါတယ်။
ရုရှားနိုင်ငံက နျူကလီးယားစမ်းသပ်မှုပိတ်ပင်ရေးစာချုပ်မှ နှုတ်ထွက်ခဲ့ပေမယ့် နျူကလီးယားလက်နက် တွေ အသုံးပြုဖို့ လျှော့ချမှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။
အနောက်နိုင်ငံတွေက ကြားခံစစ်ပွဲတစ်ခုနဲ့ ရုရှားကို ဖြိုခွင်းဖို့ရည်ရွယ်ပြီး ရုရှား-တရုတ်ဆက်ဆံရေးက စံထားထိုက်တယ်လို့ သူက ဆက်ပြောပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းပဋိပက္ခကို အာရှ-ပစိဖိတ်ဒေသအထိ ကျယ်ပြန့်လာစေလိုတယ်လို့လည်း သူက စွပ်စွဲလိုက်ပါတယ်။
ကိုးကား – Reuters
Ref; Russia’s Shoigu warns West of ‘direct military clash between nuclear powers’