
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေစဉ် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အတိုက်အခံပါတီတွေ ထောက်ခံသူ တွေရဲ့ ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေနဲ့ ရော်ဘာကျည်တွေ ပစ်ခတ်ကာ ဖြိုခွင်းခဲ့တယ်လို့ သိရပါ တယ်။
ဘက်မလိုက်သော အစိုးရတစ်ရပ်အောက်မှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်း ပနိုင်ရေး ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
ဒါကာမြို့လယ်မှာဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း မှာ နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုတွေရှိနေတာကို မီးမောင်းထိုးပြနေပါတယ်။
BNP အပါအဝင် ထင်ရှားသော အတိုက်အခံပါတီနှစ်ခု ထောက်ခံသူ ၁၂၅၀၀၀ ကျော်ဟာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်တွေနဲ့ပစ်ခတ်ပြီး လူစုခွဲရာ ဆန္ဒပြသူတွေ ကလည်း ကျောက်ခဲတွေ၊ အုတ်ခဲတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ကြပါတယ်။
ပဋိပက္ခတွေအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဉီး သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကမ်ရူအက်ဆန်က ပြောပါတယ်။
ပဋိပက္ခတွေအတွင်း ရော်ဘာကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီး ဆုံးဆေးရုံ ဒါကာဆေးကောလိပ်ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါကာမြို့တော်မှာ စနေနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေအပေါ် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်နိုင်ငံက ရှုတ်ချခဲ့ပါတယ်။
ကိုးကား – VOA
Ref; Violence Erupts as Thousands Demand Bangladesh PM Resign