ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
အာဏာသိမ်းစစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး မှားယွင်းပြီး ထိန်း သိမ်းခံနေရတယ်လို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနက ဒီနေ့ ပြောပါ တယ်။
“မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး မှားယွင်းပြီး ထိန်းသိမ်းခံနေရတာ ကျွန်တော်တို့ သတိထား မိပါတယ်” လို့ ၄င်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကနေဖြုတ်ချတဲ့ အာဏာသိမ်းမှု အပေါ် အနောက်နိုင်ငံတွေရဲ့ ဝေဖန်ရှုတ်ချမှုမှာ အမေရိကန်နိုင်ငံက ဦးဆောင်ခဲ့ပြီး အာဏာသိမ်း ထိပ်တန်းခေါင်း ဆောင်တွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့ကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ သဘောထားကွဲလွဲသူတွေကို ဖြိုခွင်းမှုအတွင်း နိုင်ငံခြားသား အများအပြား ဖမ်း ဆီးခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံသား မည်မျှအထိ ထိန်းသိမ်းခံခဲ့ရပြီး စစ်ကောင်စီ အာဏာပိုင်တွေက တရားစွဲ ဆိုခြင်း ရှိ မရှိကိုမူ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက အသေးစိတ်မပြောကြားခဲ့ပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပြည်သူတွေအတွက် ခရီးသွားအကြံပြုချက်တွေပေး ရာမှာ ထိန်းသိမ်းခံရနိုင်တဲ့အန္တရာယ်ရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။
တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှား၊ ဗင်နီဇွဲလားတို့နဲ့အတူ ထိန်းသိမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ ကန ဦးနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး မှားယွင်းပြီး ထိန်းသိမ်းခံခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – The Straits Times
Ref; US citizen detained in Myanmar: Embassy