
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၂ ရပ်ကွက်က အမျိုးသမီး ၁ ဦးကို ဇူလိုင်လ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တပည့်ဖြစ်သူတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲ့ဒီအမျိုးသမီးဟာ ၄၂ ရပ်ကွက်ရုံးမှာ နေထိုင်ကြောင်းထောက်ခံစာသွားလုပ်တာဖြစ်ပြီး ထောက်ခံစာကိစ္စနဲ့ အပြန်အလှန်စကားများခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စီ နဲ့သူ့တပည့်တွေက သူမရဲ့ဖုန်းကိုဖျက်ဆီးပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
” သူက ထောက်ခံစာလာလုပ်တာ၊ အဲ့တာကို အုပ်ကြီးက မလုပ်ပေးနိုင်ဘူးဘာညာနဲ့ပြောပြီးတော့ ပစ္စည်းတွေနဲ့ပေါက်တာ။ သူက ထွေအုပ်ကိုတိုင်မယ်လို့ပြောတော့ အုပ်ကြီး တပည့်တွေက ဖုန်းကိုလုပြီးဖောက်ခွဲပလိုက်တာ။ ပြီးတော့လည်ပင်းကိုညှစ်ပြီး ဝိုင်းလုပ်တာ။ ပြီးတော့ခြိမ်း ခြောက်ကြိမ်းမောင်းပြီးနှင်ထုတ်လိုက်တာ၊ ဒဏ်ရာတွေလည်းမနည်းရတယ် ” လို့ ရိုက်နှက်ခံရတဲ့အမျိုးသမီးနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သူ့တပည့်တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အပြင် ခုလက်ရှိလည်း သတ်ပစ်မယ်လို့ခြိမ်းခြောက်ထားလို့ နေအိမ်အပြင်ကိုမထွက်ရဲဘဲ ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်ကောင်စီခန့် ၄၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ ဒေသခံတွေအပေါ် မောက်မာရိုင်းစိုင်းစွာဆက် ဆံပြီး ငွေတောင်းခံတာတွေပြုလုပ်နေလို့ နာမည်ဆိုးနဲ့ကျော်ကြားသူလို့ဒေသခံတွေဆီကသိရပါတယ်။