
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
ကျိုင်းတုံမြို့နှင့် တာချီလိပ်မြို့တို့အကြား ယမန်နေ့ည ဇူလိုင်လ ၂၁ ရက်နေ့ကဗဟိုပြုလှုပ်ခတ်သွားသည့် ၅ ဒဿမ ၉ မဂ္ဂနီကျု့ အဆင့်ရှိ ငလျင်ကြောင့် ကျိုင်းတုံမြို့တွင်းရှိ နေအိမ်အဆောက်အဦတချို့ ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါဒေသတွင် ငလျင်လှုပ်ခတ်မှုသည် ယခုတကြိမ်တွင် ပြင်းထန်မှုတခုအဖြစ် မှတ်တမ်းဝင်ပြီး ၂ဝ၁၁ ခုနှစ်ကလည်း တာချီလိပ်မြို့အနီးရှိ တာလေတွင်လည်း ယခုလို ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် အိုးအိမ် အဆောက်အဦးများ ပျက်စီးခဲ့ရပြီး လူသေဆုံးမှုများ ရှိခဲ့သည်။
ဓာတ်ပုံ – CJ